လျှပ်စစ် အခက်ခဲ​ကြောင့် ဂျပန်တွင် ​ဒေဝါလီခံမည့် ကုမ္မဏီများရှိလာ

0
124
လျှပ်စစ် အခက်ခဲ​ကြောင့် ဂျပန်တွင် ​ဒေဝါလီခံမည့် ကုမ္မဏီများရှိလာ
ဂျပန်ရှိလျှပ်စစ်ဓာတ်အားရောင်းချ​နေသည့် လျှပ်စစ်ကုမ္ပဏီကြီးများသည် စွမ်းအင်အ​ခြေခံပစ္စည်းများ​စျေးတက်လာခြင်း​ကြောင့် ဖောက်သည်ဖြစ်​သော ​​ကော်ပို​ရိတ်များနှင့် စာချုပ်ချုပ်ရန် ငြင်းဆိုလာကြသည်။
ယူကရိန်းတွင် တိုက်ပွဲများ ဆက်ဖြစ်နေခြင်းကြောင့် လောင်စာဆီဈေးများကျဆင်းသွားဖွယ်မရှိ​ပေ။
ထို့​ကြောင့် ဖောက်သည်ကုမ္ပဏီများနှင့် စာချုပ်များဆက်လက် ချုပ်ဆိုခြင်းမပြုနိုင်တော့ကြောင်း ​ကြေငြာခဲ့သည့် လျှပ်စစ်ကုမ္ပဏီကြီးလေးခုမှာHokuriku Electric Power Co.,Kansai Electric Power Co., Shikoku Electric Power Co.,နှင့် Kyushu Electric Power Co.,တို့ဖြစ်သည်။
ဂျပန်ရှိလုပ်ငန်းအများစုမှာ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားထုတ်လုပ်​သော စက်ရုံများမရှိဘဲ လျှပ်စစ်ကိုလက်ကားဈေးကွက်က​နေသာ ဝယ်ယူ​လေ့ရှိကြသည်။
ဇန်နဝါရီနှင့် မတ်လကြားတွင် လျှပ်စစ်ဓာတ်အား တစ် ကီလိုဝပ်အတွက် ပျမ်းမျှ လက်ကားဈေးသည် ၂၃ ယန်း (၁၈ ဆင့်) ဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်ကထက် သုံးဆ တိုးလာသည်။
ယခုအခါ လျှပ်စစ်ဓာတ်အား ဝယ်ယူရသည့်စျေးနှုန်းမြင့်ခြင်း​ကြောင့် လုပ်ငန်းရှင်များ အတွက် ကုန်ကျစရိတ်များလာသဖြင့် အချို့က ၎င်းတို့၏ထုတ်ကုန် ရောင်းဈေးကို သိသိသာသာ မြှင့်တင်ခဲ့ကြသည်။
လုပ်ငန်း​လေးများသည် ပြောင်းလဲနေသော စျေးကွက်များကြားမရုန်းကန်နိုင်ကြ​တော့ဘဲ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဒေဝါလီခံရန် သို့မဟုတ် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းရန် လျှောက်ထားသည့် ကုမ္ပဏီပေါင်း ၃၁ ခုရှိကြောင်း Teikoku Databank Ltd မှ လေ့လာမှုတစ်ခုအရ သိရသည်။
Ref: The Asahi Shimbun


LEAVE A REPLY

Please enter your comment!
Please enter your name here