ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ၌ ဘိုးဘွား ၁ ထောင်ကျော်အား နစက အဖွဲ့ဝင်ဒေါ်အေးနုစိန် ပူဇော်ကန်တော့ခဲ့

0
111
ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ၌ ဘိုးဘွား ၁ ထောင်ကျော်အား နစက အဖွဲ့ဝင်ဒေါ်အေးနုစိန် ပူဇော်ကန်တော့ခဲ့
ရခိုင်ပြည်နယ်၊စစ်တွေမြို့၌ ဧပြီ ၁၇ ရက်(နှစ် ဆန်းတစ်ရက်နေ့)က ပြုလုပ်ခဲ့သည့် ၅၈ ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက် ကြီးပူဇော်ပွဲအခမ်းအနားတွင် အသက် ၈၀ နှစ်နှင့်အထက် ဘိုးဘွား ၁၁၁၀ ဦးအားပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
သက်ကြီးပူဇော်ပွဲအား စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ နံနက်ပိုင်းကကျင်းပရာ နစက အဖွဲ့ဝင်ဒေါ်အေးနုစိန်၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကော်မတီဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ပူဇော်ကန်တော့ခဲ့ကြသည်။
ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဘိုးဘွား ၇၀ ဦးအား နစက အဖွဲ့ဝင်ဒေါ်အေးနုစိန်၊ပြည်နယ်ဝန်ကြီးချုပ်ဒေါက် တာအောင်ကျော်မင်းနှင့်တာဝန်ရှိသူများ၊ဧည့်ပရိ သတ်များက ပူဇော်ကန်တော့ခဲ့ကြပြီး ဘိုးဘွားများအား မင်္ဂလာရေစင်ဖြင့်ပက်ဖျန်းပူဇော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများအား လှူဒါန်းခဲ့ကြသည်။
သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ရပ်ကွက်အသီးသီးမှဘိုးဘွားများနှင့် ဘိုးဘွားရိပ်သာများရှိ အပူဇော်ခံဘိုးဘွားများအား တာဝန်ရှိသူများက လည့်လည်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအခမ်းအ နားအား ရခိုင်ရိုးရာမင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစံသာမောင် ကသက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ပြောကြားခဲ့သည်။
အလားတူ နစက အဖွဲ့ဝင်ဒေါ်အေးနုစိန်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းက သက် ကြီးပူဇော်ပွဲနှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြပြီး ဘိုးဘွားများကိုယ်စား အပူဇော်ခံအဘိုးဦးစောစိန်က ဆုတောင်းမေတ္တာပို့ စ ကားပြောကြားခဲ့ကြကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here