ယခု ရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲမှုများရှိ

0
138

ယခု ရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲမှုများရှိ

ယခုလ ရက်သတ္တကာလအတွင်း ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲမှုများရှိနေကြောင်းသိရသည်။

ယမန်နေ့က ဧပြီ ၁၇ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန်ခန့်က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ဈေးရပ်ကွက်၊ နယ်မြေ(၁)တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့သည်။

ထို့အပြင် ဧပြီ ၁၅ ရက် မွန်းတည့် ၁ နာရီအချိန်ကရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ပိတောက်လမ်းတွင် လည်း ဆံပင်ညှပ်ဆိုင်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့သည်။

ယင်းအပြင် ဧပြီ ၁၅ရက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပြည်တော်သာ(၃)လမ်းထိပ်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုနှင့် ရန်ကြီးအောင်ပန်းခြံအတွင်း သစ်ပင်လဲကျမှုများရှိခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာခရိုင်နှင်မြို့နယ်အလိုက်မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်ရှင်းလင်းပေးခဲ့ရပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here