ရန်ကုန်တိုင်းအတွင်း အလှည့်ကျလျှပ်စစ်ဓာတ်အားပေးစနစ် ယနေ့မှစ၍ပြန်လည်ပြုလုပ်

0
130

ရန်ကုန်တိုင်းအတွင်း အလှည့်ကျလျှပ်စစ်ဓာတ်အားပေးစနစ် ယနေ့မှစ၍ပြန်လည်ပြုလုပ်

ရန်ကုန်တိုင်းအတွင်း၌ သင်္ကြန်ကာလရုံးပိတ်ရက်၌ အချိန်ပြည့် လျှပ်စစ်ဓာတ်အားပေးခဲ့ရာမှ ဧပြီ ၁၈ ရက်(ယနေ့)မှစ၍ အလှည့်ကျဓာတ်အားပေးစနစ်အား ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

“ဟုတ်ပါတယ် အရင်လိုပဲအုပ်စုလိုက်အလှည့်ကျလျှပ်စစ်ဓာတ်အားပေးသွားမှာပါ”ဟုရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ရန်ကုန်တိုင်းအတွင်း အုပ်စုများခွဲ၍ အလှည့်ကျလျှပ်စစ်ဓာတ်အားပေးစနစ်အား မတ်လ၏ တတိယပတ်မှစတင်ကျင့်သုံးခဲ့ပြီး ၄ နာရီခြားတစ်ကြိမ်အလှည့်ကျဖြင့် လျှပ်စစ်ဓာတ်အားကိုခွဲဝေပေးခဲ့ကြောင်း သိရသည်။

“သင်္ကြန်ရုံးပိတ်ရက်က မီးအချိန်ပြည့်လာတော့ သင်္ကြန်ပြီးသွားလည်း မီးကပုံမှန်အတိုင်းလာမယ်ထင်ထားတာ အခုလိုအလှည့်ကျစနစ်ပြန်ဖြစ်သွားတော့လည်း မီးလာတဲ့အချိန်ကိုလုပ်စရာရှိတာတွေလုပ်ရတော့မှာပေါ့ လျှပ်စစ်စီမံကိန်းတွေပြီးရင်တော့အချိန်ပြည့်မီးရတော့မယ်နဲ့တူပါတယ်” ဟု ဒဂုံတောင်ပိုင်းနေကိုမျိုးဝင်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here