ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ လူနေအိမ်အတွင်း ဝင်တိုက်မှုဖြစ်ပွား

0
254

ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ လူနေအိမ်အတွင်း ဝင်တိုက်မှုဖြစ်ပွား

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး(က.ည.န)အနီး ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ လူနေအိမ်အတွင်း ဝင်တိုက်မှုတစ်ခု ယနေ့ဧပြီ ၁၈ ရက်တွင်ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဥ်ကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိကာ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မော်လမြိုင်အခြေစိုက် ရာမညလူမှုကယ်ဆယ်ရေးအသင်းမှ စုံစမ်းသိရှိရသည်။

” ကုန်းအဆင်း ကားဘရိတ်ပါက်ပြီးဖြစ်တာပါ။ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာ ရတဲ့သူကိုတော့ဆေးရုံပို့လိုက်ပါပြီ။ စိုးရိမ်ရတဲ့အထိတော့မဟုတ်ပါဘူး”ဟု ရာမည လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဖြစ်စဥ်ဖြစ်ပွားမှုကို ရာမညလူမှုကယ်ဆယ်ရေးအသင်းက ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပြီး၊ ဖြစ်စဥ်မှာယနေ့ နံနက် ၁၁ အချိန်ခန့်တွင် မော်လမြိုင်မြို့၊ စျေးကြိုမီးပွိုင့်၊ သီရီမြိုင်ဘက်အဆင်းလမ်း (ကညန)ရုံးနားတွင် ကားတစ်စီးဘရိတ်ပေါက်ပြီး ဆိုင်ကယ်တစ်စီးကို၀င်တိုက်ရာမှ ထပ်ဆင့်အိမ်ထဲရှိဆိုင်ကယ်ကို၀င်တိုက်မိ၍ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း အသိပေးဖော်ပြထားသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here