ခရီးသည်များ​ ​ကော်မာရှယ်လေယာဥ် နှင့် ကယ်ဆယ်ရေး​လေယာဥ်​ ခေါင်းစဥ်ကွဲပြားရန်လိုအပ်

0
216

ခရီးသည်များ​ ​ကော်မာရှယ်လေယာဥ် နှင့် ကယ်ဆယ်ရေး​လေယာဥ်​ ခေါင်းစဥ်ကွဲပြားရန်လိုအပ်

မြန်မာနိုင်ငံသို့ပြန်မည့်သူများအနေဖြင့် လိုက်ပါစီးနင်းမည့်လေယာဥ်သည် ကယ်ဆယ်ရေးလေယာဥ်ဖြစ်သည်(သို့)ကော်မာရှယ်လေယာဥ်ဖြစ်သည် ဆိုသည့်အချက်အား လိုက်ပါစီးနင်းခြင်းမပြုမီ လေယာဥ်လက်မှတ်အရောင်းဌာနများတွင် သေချာစွာမေးမြန်းစုံစမ်းသင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)တွင် နိုင်ငံတကာလေကြောင်းခရီးစဥ်များဖြင့် ရောက်ရှိလာသူများအနက် Quarantine တစ်ရက်ဝင်ရမည့်သူများနှင့် ၅ ရက်၊ ၇ ရက် ဝင်ရမည့်သူများအဖြစ် ကွဲပြားလျက်ရှိသည်အား မြန်မာနိုင်ငံသို့ရောက်ရှိမှသာအများစုကသိရှိခဲ့ရကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းဆိုက်ရောက်မှု ခရီးသည်အများစုသည် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)မှစတင်ကာ Test & Go အစီအစဥ်ဖြင့် Quarantine တစ်ရက်ဝင်ရမည်ဟုသိထားကြသည်ကများသည်။

ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ကော်မာရှယ်လေယာဥ်ဖြင့် ဆိုက်ရောက်လာသူများအား ရန်ကုန် တိုင်းဟော်တယ်အသင်းမှ တာဝန်ယူကာ Test & Go အစီအစဥ်ဖြင့် Hotel Quarantine တစ်ည​နေထိုင်​စေသည်။အကယ်၍ နံနက်အစောပိုင်း၌ ဆိုက်ရောက်လာသူများအနေဖြင့် ကိုဗစ်(၁၉)ရောဂါပိုးစစ်ဆေးမှုရလဒ်ရရှိချိန်မွန်းလွဲ ၂ နာရီတွင် ပိုးမတွေ့ရှိပါက ထွက်ခွာခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးလေယာဥ်ဖြင့်ပြန်လည်ရောက်ရှိလာသူများအား ကျန်းမာရေးဝန်ကြီးဌာနမှစီမံ၍ ကိုဗစ်(၁၉)ရောဂါကာကွယ်​ဆေးထိုးပြီးသူများအား Quarantine ၅ ရက်နှင့်ကာကွယ်ဆေးမထိုးရသေးပါက ၇ ရက်ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လေယာဥ်စီးနင်းရာတွင် လေဆိပ်တစ်ခုထဲက​နေထွက်ခွာသည့်နေ့တူသော်လည်း လိုက်ပါစီးနင်းသည့် လေယာဥ်ကွဲပြားပါက Quarantine ဝင်ရမည့်ရက် ကွဲပြားရခြင်းဖြစ်သည်။ ချာတာဆွဲသည့်လေယာဥ်အား ကယ်ဆယ်ရေးလေယာဥ်၌ပါဝင်ခြင်း ရှိမရှိကိုလည်း မကွဲပြားကြ​ပေ။

Facilities Quarantine သို့​ရောက်သည့်အခါ Hotel Quarantine ဝင်လိုသူများအ​နေဖြင့် ​Hotel ​​ရွေးချယ်ခွင့်ရှိသည်။

ယင်းသို့ Hotel Quarantine ရွေးချယ်ရာ၌ နေ့လည်ပိုင်း၌ရောက်ရှိလာသူများအနေဖြင့် ရွေးချယ်ရာတွင် အချိန်ရသော်လည်း ညပိုင်း၌ရောက်ရှိလာသူများအနေဖြင့် Quarantine နေရာမှတဆင့် Hotel Quarantine အားပြန်လည်ရွေးချယ်ရသဖြင့် အချိန်ကြန့်ကြာမူများရှိနေကြောင်း သိရသည်။

ယခင်က Hotel Quarantine နှင့် ရိုးရိုး Quarantine ဝင်မည့်သူများအား လေဆိပ်သို့ရောက်ရှိချိန်၌ပင်ရွေးချယ်စေခဲ့ပြီး ယခုအချိန်တွင် Quarantine နေရာသို့ရောက်ရှိမှသာ Hotel Quarantine ဝင်လိုသည့်နေရာအားပြန်လည်ရွေးချယ်စေခြင်းဖြစ်ကြောင်း သိရသည်။

သင်္ကြန်ရုံးပိတ်ရက်အတွင်း၌ MOFA သို့ကြိုတင်​ပေးပို့ထားသည့်ခရီးသည်စာရင်း၌မပါဝင်သူများသည် လေယာဥ်ထိုင်ခုံများကျန်ရှိနေသေးသော်လည်း လိုက်ပါစီးနင်းခွင့်နှင့်လေယာဥ်လက်မှတ်ဝယ်ယူရရှိခြင်းမရှိခဲ့ခြင်းမှာ ကယ်ဆယ်ရေးလေယာဥ်ဖြစ်​သောကြောင့်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here