ပြင်ဦးလွင်မြို့သည် အပန်းဖြေမြို့တော်ဖြစ်၍ ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဒေသ၏စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား တိုးတက်အောင်လုပ်ဆောင်ရမည်

0
179

ပြင်ဦးလွင်မြို့သည် အပန်းဖြေမြို့တော်ဖြစ်၍ ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဒေသ၏စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား တိုးတက်အောင်လုပ်ဆောင်ရမည်

နစက ဥက္ကဋ္ဌမှ ဧပြီ ၁၈ ရက်က မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊နိုင်ငံတော်အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့အား တောင်ပေါ်အပန်းဖြေမြို့ တော်၊ချယ်ရီမြို့တော်၊ကော်ဖီမြို့တော်ဖြစ်စေရန် ယခင်ကပင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းမှာ ဒေသ၏အကျိုးစီးပွားအတွက်ဖြစ်ပြီး အစိုးရအတွက်လုပ်ဆောင်နေခြင်းမဟုတ်သည်ကို သိရှိနားလည်ရမည်ဟု ပြောသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း၌ ပြင်ဦးလွင်မြို့ရှိ ဟိုတယ်၊တည်းခိုခန်းများတွင် ပြည်တွင်း၊ပြည်ပမှ လာရောက်အပန်းဖြေသည့် ခရီးသွားများအခန်းပြည့်လာရောက်လည်ပတ်ကြခြင်းအား ဒေသ၏ သာယာလှပမှုနှင့်ခရီးသွားများ၏ စိတ်ဝင်စားမှုအား တွေ့မြင်နိုင်မည်ဖြစ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“မိမိတို့ တာဝန်ထမ်းဆောင်နေတဲ့ ဒေသရဲ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေး၊အပန်းဖြေမြို့တော်ဖြစ်တဲ့အတွက် အခုထက် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွေ ဒေသရဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို တိုးတက်အောင်လုပ်ဆောင်ပေးခြင်းနဲ့မြှင့်တင်နိုင်ရမှာဖြစ်ပါတယ် အဲဒီကတဆင့် ထုတ်ကုန်ကိုအခြေခံတဲ့ ပို့ကုန်လုပ်ငန်းကိုဖော်ဆောင်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ပြင်ဦးလွင်ကော်ဖီသည် ပြည်တွင်း၊ပြည်ပ၌ နာမည်ကောင်းရပြီးဖြစ်၍ ကော်ဖီထုတ် ကုန်အား အခြေခံသည့် အဆင့်မြင့်ပို့ကုန်လုပ်ငန်းအား ဖော်ဆောင်ရမည်ဖြစ်ကာ ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိပြီးဖြစ်၍ ခရီးသွားမြို့တော်၊အပန်းဖြေမြို့တော်အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ကျန်းမာရေးမြို့တော်ဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် ပညာရေးနှင့်ပတ်သက်ရာတွင်လည်း အ စဉ်အလာကောင်းရှိသည့် မြို့ဖြစ်ပြီး ရာသီဥတုသာယာ၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေးကို အထောက်အကူဖြစ်စေသဖြင့် ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။

“ပြင်ဦးလွင်ဟာထူးခြားတဲ့ ဝိသေသရှိတဲ့ မြို့တော်တစ်ခုဖြစ်ပြီး ခရီးသွားမြို့တော်ဖြစ်တာနဲ့အညီ မြို့သန့်ရှင်းသာယာလှပရေးကို ဦးစားပေး ဆောင်ရွက်ပေးဖို့လိုသလို တစ်ဦးချင်း၊တစ်အိမ်ချင်းသန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်ဖြစ်စေဖို့ကိုလည်း ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ ရုံး၊ဌာနအလိုက် လမ်း၊တံတား၊ အဆောက်အဦးတွေကို စနစ်တကျထိန်းသိမ်းပြီး မြို့သာယာလှပမှုကို ဖော်ဆောင်ပေးရမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သာ်။

ပြင်ဦးလွင်ဒေသတွင် ရှေးဟောင်းသမိုင်းဝင်အ ဆောက်အဦးများစွာရှိ၍ ရှေးမူမပျက်ထိန်းသိမ်းရမည်ဖြစ်ကာ တန်ဖိုးရှိသည့် အဆောက်အဦးများ ဖြစ်၍ အကျိုးရှိစွာအသုံးချပြီး နိုင်ငံတော်ပိုင် အဆောက်အဦးများအပြင် ပုဂ္ဂလိကပိုင် ရှေးဟောင်းအဆောက်အဦးများကိုလည်း ထိန်းသိမ်းဆောင်ရွက်ရမည်ဟု ပြောသည်။

“အဲဒီလို ထိန်းသိမ်းဆောင်ရွက်သလို မြို့တစ်မြို့ ဖွံ့ဖြိုးတိုးတက်လာရင် အထပ်မြင့်အဆောက်အဦးတွေ မြို့ပြအဆောက်အဦးတွေလည်း လိုအပ်လာမှာဖြစ်တဲ့အတွက် အထပ်မြင့်အဆောက်အဦးတွေဆောက်လုပ်နိုင်ရေးကိုလည်း သီးခြားမြေနေရာတွေ သတ်မှတ်ပြီးဆောင်ရွက် ပေးရမှာဖြစ်ပါတယ် စနစ်ကျတဲ့ မြို့အကွက်ချပုံစံနဲ့ ရေးဆွဲဆောင်ရွက်ရန်ဖို့လိုအပ်သလို မျက်စိပသာဒဖြစ်တဲ့ မြို့ကိုဖော်ဆောင်ရမည်ဖြစ်တာကြောင့် ဘက်ပေါင်းစုံကစဉ်းစားလုပ်ဆောင်ကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here