ရန်ကုန်-အင်ချွန်း-ရန်ကုန်ခရီးစဉ်အား ၂၆-၄-၂၀၂၂ ရက် (အင်္ဂါနေ့)မှစ၍ အပတ်စဉ် အင်္ဂါနေ့နှင့်သောကြာနေ့များတွင် Commercial Flight အနေဖြင့် ပုံမှန်ပျံသန်းပြေးဆွဲသွားမည်

0
198

ရန်ကုန်-အင်ချွန်း-ရန်ကုန်ခရီးစဉ်အား ၂၆-၄-၂၀၂၂ ရက် (အင်္ဂါနေ့)မှစ၍ အပတ်စဉ် အင်္ဂါနေ့နှင့်သောကြာနေ့များတွင် Commercial Flight အနေဖြင့် ပုံမှန်ပျံသန်းပြေးဆွဲသွားမည်

မြန်မာနိုင်ငံသို့သွားရောက်မည့် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ၁၇-၄-၂၀၂၂ ရက်(မြန်မာနှစ်ဆန်းတစ်ရက်)၊ (၀၀:၀၀) နာရီ အချိန်မှစတင်၍ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ပါကြောင်း ၁၈-၃-၂၀၂၂ ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ အသိပေးကြေညာချက်အရ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) သည် ရန်ကုန်-အင်ချွန်း-ရန်ကုန်ခရီးစဉ်အား ၂၆-၄-၂၀၂၂ ရက် (အင်္ဂါနေ့)မှစ၍ အပတ်စဉ် အင်္ဂါနေ့နှင့်သောကြာနေ့များတွင် Commercial Flight အနေဖြင့် ပုံမှန်ပျံသန်းပြေးဆွဲသွားရန်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးက ယနေ့တွင်အသိပေးသည်။

လေယာဉ်လက်မှတ်များကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) သို့ တိုက်ရိုက် ဆက်သွယ်၍သော်လည်းကောင်း၊ လက်မှတ်အရောင်းကိုယ်စားလှယ်များမှတစ်ဆင့်သော်လည်းကောင်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်းပါ တစ်ပါတည်းအသိပေးခဲ့သည်။

၁၉-၄-၂၀၂၂ ရက် (အင်္ဂါနေ့) တွင် ပြေးဆွဲမည့် ကယ်ဆယ်ရေးလေယာဉ်အား Commercial Flight အဖြစ် ပြောင်းလဲပြေးဆွဲသွားရန်ရှိကြောင်းလည်း သံရုံးကဖြည့်စွက်အသိပေးထားသည်ကိုတွေ့ရသည်။

ဧပြီ၁၇ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (တနင်္ဂနွေနေ့)၊ ဒေသစံတော်ချိန် (၁၂:၃၉) နာရီကလည်း ပထမဦးဆုံးအကြိမ် Commercial Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines – MNA) ပျံသန်းအမှတ် UB 1002 သည် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွါခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here