နစက ဥက္ကဋ္ဌ ပြင်ဦးလွင်မြို့ရှိ ဘုရင်ခံအိမ်တော် (Governor House)ထိန်းသိမ်းထားရှိမှုအားကြည့်ရှု့

0
277

နစက ဥက္ကဋ္ဌ ပြင်ဦးလွင်မြို့ရှိ ဘုရင်ခံအိမ်တော် (Governor House)ထိန်းသိမ်းထားရှိမှုအားကြည့်ရှု့

ပြင်ဦးလွင်မြို့၌ရှိသည့် ဘုရင်ခံအိမ်တော် (Governor House)ထိန်းသိမ်းထားရှိမှုအား ဧပြီ ၁၈ ရက်က နစက ဥက္ကဋ္ဌမှသွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှု့စစ်ဆေးစဥ် အိမ်တော်(Governor House)ပတ်ဝန်းကျင်ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျရှိရန်နှင့်မျက်စိပသာဒဖြစ်ရန်ပြုလုပ်ရမည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ပြင်ဦးလွင်မြို့ အမျိုး သားကန်တော်ကြီးဥယျာဉ်ထိန်းသိမ်းထားရှိမှုအ ခြေအနေများကိုလည်း ကြည့်ရှု့စစ်ဆေးရာ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးဌေးအောင်နှင့်ဆည်မြောင်းဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးဇော်မင်းနိုင်တို့က ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ကန်တော်ကြီးသည် ပြင်ဦးလွင်မြို့၏ land mark ဖြစ်၍ ဥယျာဉ်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စဉ်းစားဆောင်ရွက်ကာ အမျိုးသားဥယျာဉ်ဖြစ်၍ ပန်းခြံသီးသန့်ကိုသာ ထိန်းသိမ်းအဆင့်မြှင့်တင်ခြင်း မဟုတ်ဘဲ ဥယျာဉ်သို့လာရောက်လည်ပတ်သူများအား အဓိကဆွဲဆောင်ထားသည့် ရေကန်များသာယာလှပရန်နှင့်ရေကိုစနစ်တကျ ထိန်းသိမ်းထားရှိရမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“ပြင်ဦးလွင်ဒေသစိမ်းလန်းစိုပြေရေးနဲ့ကန်တော်ကြီးဥယျာဉ်ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းနိုင်မှုတွေကို ဟန်ပြအနေနဲ့ပြုလုပ်တာတွေကိုမဖြစ်စေလိုဘဲ စနစ်တကျနဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်ကြစေလိုပါတယ် ပြင်ဦးလွင်မြို့ကို တောင်ပေါ် အ ပန်းဖြေမြို့တော်၊ချယ်ရီမြို့တော်၊ပန်းမြို့တော်အဖြစ် ဆောင်ရွက်နေတဲ့အတွက် ကန်တော်ကြီးဥယျာဉ်အတွင်းကိုလည်း စနစ်တကျနဲ့သန့်ရှင်းသာယာလှပမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်သည် ဧရိယာအကျယ်အဝန်း ၄၃၆ ဧကကျော်ရှိ၍ အဆိုပါ ဧရိယာတစ်ခုလုံးအား ထိန်းသိန်းစောင့်ရှောက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

အလားတူ ကန်တော်ကြီးဥယျာဉ်အား လက်ရှိတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှဥယျာဥ်သန့်ရှင်းသာယာလှပရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အား ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကာ အစိုးရတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here