သားလေးရဲ့ ၇ နှစ်ပြည့် မွေးနေ့လေးမှာ အိမ်ခြေ ၉၆ အိမ်စာ အတွက်အစားအသောက်နဲ့ငွေများလှူဒါန်းပေးခဲ့တဲ့အင်ကြင်း

0
214

သားလေးရဲ့ ၇ နှစ်ပြည့် မွေးနေ့လေးမှာ အိမ်ခြေ ၉၆ အိမ်စာ အတွက်အစားအသောက်နဲ့ငွေများလှူဒါန်းပေးခဲ့တဲ့အင်ကြင်း

အင်ကြင်းက ယနေ့ကျရောက်တဲ့ သားဖြစ်သူရဲ့ ၇ နှစ်ပြည့်မွေးနေ့အလှူအဖြစ် တောင်ဒဂုံ ၁၄၀ ရပ်ကွက်က အိမ်ခြေ ၉၆ အိမ်စာအတွက်လိုအပ်တဲ့ အစားအသောက်နဲ့ ငွေသားများ ဝေဌလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ ပတ်သက်ပြီး အင်ကြင်းက” မေမေ့ရဲ့အချစ်ဆုံး သားလေး ၇နှစ်ပြည့်မွေးနေ့အလှူလေးတောင်ဒဂုံ ၁၄၀ ရပ်ကွက် အိမ်ခြေ (96)အိမ်စာ တပိုင်တနိုင် ဆန် ကြက်ဥ ခရမ်းချဥ်သီး ငွေသားအလှူနဲ့ဆွမ်းခံကြွတဲ့ဘုန်းဘုန်းတွေရယ် တောင်ဒဂုံဘုန်းဘုန်းတွက်ရယ်ပါ နဝကမ္မအလှူငွေ ၅၀၀၀၀ကျပ် လှူဒါန်းခဲ့ပါတယ် ” လို့ပြောပါတယ်။

အင်ကြင်းအနေနဲ့ ကိုဗစ်ကာလမှာ အခက်ခဲပေါင်းများစွာကိုတွေ့ကြုံခံစားခဲ့ရပေမယ့်လည်း အခုလက်ရှိမှာတော့ online မှာ စျေးရောင်းရင်း ကြိုးစားရုန်းကန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here