စားနပ်ရိက္ခာဖူလုံရေးအကူအညီပေးသည့်အဖွဲ့များမှ လူဦးရေ ၁ ဒသမ ၄ သန်းအား အရေးပေါ်အကူအညီများပေးထားပြီးဖြစ်ဟု UNOCHA ထုတ်ပြန်

0
154

စားနပ်ရိက္ခာဖူလုံရေးအကူအညီပေးသည့်အဖွဲ့များမှ လူဦးရေ ၁ ဒသမ ၄ သန်းအား အရေးပေါ်အကူအညီများပေးထားပြီးဖြစ်ဟု UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝှမ်းတွင် နေရပ်စွန်းခွာတိမ်းရှောင်နေရသူဦးရေမှာ ဧပြီ ၁၁ ရက်အထိ ၉၁၂၇၀၀ ဦးရှိပြီဖြစ်ကြောင်း UNOCHA Myanmar မှထုတ်ပြန်ခဲ့သည်။

အဆိုပါ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများအနက် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့မှ လူဦးရေ ၃ သိန်းကျော်ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ရေးသားထားသည်။

နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများနှင့်နေရပ်စွန့်ခွာလာသူများအား လက်ခံကူညီပေးနေသည့် ရွာခံများအား စားနပ်ရိက္ခာဖူလုံရေးအကူအညီပေးသည့်အဖွဲ့များမှ အရေးပေါ်အကူအညီများအား သွားလာရခက်ခဲသည့်အခြေအနေများကြားမှ ကူညီပေးခဲ့သည်ဟု ထုတ်ပြန်ရေးသားထားသည်။

ထိုသို့ နေရပ်စွန့်ခွာတိမ်းရှောင်လာသူများအနက် လူဦးရေ ၁ ဒသမ ၄ သန်းကျော်အား မှအရေးပေါ်အကူအညီများပေးအပ်ခဲ့ပြီးဖြစ်ကာ ယင်းသို့ကူညီပေးမှုသည် ၂၀၂၂ ခုနှစ်အတွက် အဆိုပါ ကဏ္ဍတွင်လျာထားသည့် ၃ လစာပမာဏဖြစ်ကြောင်း UNOCHA ၏ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် ဒေသများ၌ မြေမြှုတ်မိုင်းနှင့်ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ၏ အန္တရာယ်မှာမြင့်တက်လာနေသဖြင့် မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ရေးသားထားသည်။

အလားတူ နွေရာသီဖြစ်၍ အချို့နေရာများ၌ ရေ ရရှိမှုအခက်အခဲ၊ပတ်ဝန်းကျင်နှင့်တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာများတွင် သိသာစွာလိုအပ်လျက်ရှိကာ ရခိုင်ပြည်နယ်ရှိ ယာယီစခန်းများတွင်နေထိုင်သူများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပျံ့နှံ့နိုင်သည့် အခြေအနေနှင့်ကြုံတွေ့နေရသည်ဟု ရေးသားထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ ယာယီစခန်းများ၌ မိုးရာသီမရောက်မီအချိန်တွင် အဆောက်အဦးများပြုပြင်ရန်လိုအပ်လျက်ရှိကာ လူဦးရေ ၂၈၀၀၀ ကျော်နေထိုင်သည့် အိမ်တန်းရှည် ၅၅၀ လုံးခန့် သည် နေထိုင်ရန်သင့်လျော်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်၌ရေးသားထားသည်။

မိုးရာသီမ‌ရောက်မီ ဘေးအန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသည့်ဒေသများ၌ အရေးပေါ်အခြေအနေများကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ ထိရောက်စွာဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ရေးအစီအစဉ်များအား UNOCHA မှပြင်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here