စစ်ကိုင်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျကာ စာသင်ကျောင်းပေါ်ပိ

0
190

စစ်ကိုင်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျကာ စာသင်ကျောင်းပေါ်ပိ

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်အတွင်း၌ ဧပြီ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်၍ သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

လေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျရာတွင် နံနက် ၇ နာရီခွဲခန့်၌ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂)အ ခြေခံပညာအလယ်တန်းကျောင်း၏ စာသင်ဆောင်တစ်ခုပေါ်သို့ သစ်ပင်လဲကျမှုလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“သစ်ပင်ကစာသင်ဆောင်ပေါ်ကိုလဲကျတာ စာ သင်ဆောင်ရဲ့ သွပ်မိုးနဲ့သစ်သားဘောင်တွေပျက် စီးတာတော့ရှိတယ် အုတ်နံရံတွေကတော့မပျက် စီးပါဘူး ဒီနေ့လေပြင်းတိုက်တာမှာ စစ်ကိုင်းမြို့ နယ်ထဲကနေရာအတော်များများမှာ သစ်ပင်တွေလဲကျတယ်”ဟုစစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အ.လ.က(၂)စာသင်ကျောင်းဆောင်ပေါ်သို့ လဲ ကျခဲ့သည့်သစ်ပင်အား စစ်ကိုင်းခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

စာသင်ကျောင်းဆောင်ပေါ်သို့ သစ်ပင်လဲကျမှုတွင် လူထိခိုက်ဒဏ်ရာရရှိမှုများမရှိခဲ့ကြောင်း စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here