ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် အသက်၁၅နှစ်အရွယ် ကလေးတစ်ဦးရေနစ်ပျောက်ဆုံးနေ

0
163

ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် အသက်၁၅နှစ်အရွယ် ကလေးတစ်ဦးရေနစ်ပျောက်ဆုံးနေ


မန္တလေးမြို့ ကမ်းနားလမ်း အမြောက်ကြီးဆိပ်ကမ်း၊ ဧရာဝတီမြစ်အတွင်း အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး ယမန့်နေ့ ဧပြီလ (၁၉)ရက် ညနေပိုင်းအချိန်တွင် ရေဆင်းကူးရာမှပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးရုံးခွဲ)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ယနေ့ ဧပြီ ၂၀ရက်နေ့ နံနက် ၈နာရီမှစတင်၍ ပျောက်ဆုံးနေသူအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( မန္တလေးတိုင်းရုံး ) ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ (Mdy Rescue Diver Team) အဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့သည်။

သို့သော် ရေငုပ် ရှာဖွေချိန်တွင် လေပြင်းတိုက်ခတ်လာခြင်း၊ မိုးရွာလာခြင်းတို့ကြောင့် ရှာဖွေမှုကို နေ့လည် ၁နာရီဝန်းကျင်ချိန်တွင်ရပ်နားခဲ့ရကြောင်းဆိုသည်။

” ကျွန်တော်တို့ ရှာဖွေတဲ့အခါမှာ မြစ်အောက်ခြေမှာလည်းရှင်းလင်းနေတာတွေ့ရာပါတယ်။ ညှိစရာဘာတစ်ခုမှမရှိနေဘူး။ ရှာနေတဲ့အချိန်မိုးရွာပြီးလေတိုက်တာကြောင့် ဒီနေ့ ရှာဖွေမှုကိုရပ်နားလိုက်ပါတယ်။”ဟု ဆိုသည်။

ယင်းအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(မန္တလေးရုံးခွဲ)အနေဖြင့် မနက်ဖြန် ဧပြီ ၂၁ရက် တွင်ဆက်လက်ရှာဖွေရန်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here