ရခိုင်ပြည်နယ်အတွင်းရှိ မြို့အချို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား

0
155

ရခိုင်ပြည်နယ်အတွင်းရှိ မြို့အချို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား

 

ယနေ့ ဧပြီ၂၀ရက်နေ့ နေ့လည် ၁၂ နာရီမှစ၍ ၁ နာရီအချိန်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦးတို့တွင် လေတိုက်နှုန်း ၃၅ မိုင်မှ ၅၀ မိုင်အထိ အဆင့်ရှိသည့် လေပြင်းတိုက်ခိုက်ခဲ့ရာ လူနေအိမ်အချို့ အမိုးလန်ကာပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ရခိုင်နေ့စဉ်က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှ တာဝန်ရှိသူတစ်ဦးက လေပြင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအား စာရင်းကောက်ယူနေသည်ဟု ပြောကာ အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးကြောင်းပြောသည်။

ယနေ့ နေပြည်တော်က နေရာအချို့အပါအဝင် တိုင်း၊ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်မှုအချို့ရှိခဲ့သည်။

ယနေ့ နေ့လည်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၆)ရပ်ကွက်တွင် လေပြင်းကြောင့် သစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့်အပြင် လေပြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပိုးတန်းရပ်ကွက်ရှိ စာသင်ကျောင်းပေါ်သို့ သစ်ပင်လဲကျဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

 

photo we love kyuaktaw


LEAVE A REPLY

Please enter your comment!
Please enter your name here