နစက ၏လွတ်ငြိမ်းချမ်းသာခွင့် ၇ ကြိမ်အတွင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားအနည်းငယ်သာပါဝင်

0
169

နစက ၏လွတ်ငြိမ်းချမ်းသာခွင့် ၇ ကြိမ်အတွင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားအနည်းငယ်သာပါဝင်

နစက မှတစ်နှစ်ကျော်ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၇ ကြိမ်ပြုလုပ်ပေးခဲ့ရာတွင် ပြန် လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားအနည်းငယ်သာပါဝင်ခဲ့သည်ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။

နစက မှ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစတင် ၍ ၂၀၂၂ ခုနှစ်၊ဧပြီ ၁၈ ရက်အထိ(တစ်နှစ်ကျော်အတွင်း)နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်အသီး သီး၌ အကျဥ်းကျခံနေရသူများနှင့်တရားစွဲဆိုခံရပြီး တရားရင်ဆိုင်နေရသူများအနက် ၅၇၀၉၁ ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း AAPP ၏စာရင်းများအရ သိရသည်။

AAPP ၏စာရင်းများအရ လွတ်ငြိမ်းချမ်းသာခွင့် ၇ ကြိမ်ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၂၁ ရက်တွင် ၂၃၃၁၄ ဦး၊ ဧပြီ ၁၇ ရက်တွင် ၂၃၄၀၇ ဦး၊ ဇွန် ၃၀ ရက်တွင် ၂၂၉၆ ဦး၊ အောက်တိုဘာ ၁၈ ရက်တွင် ၅၆၃၆ ဦးနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ၈၁၄ ဦး၊ မတ် ၂ ရက်တွင် ၅ ဦးနှင့် ဧပြီ ၁၇ ရက်တွင် ၁၆၁၉ ဦး(စုစုပေါင်း ၅၇၀၉၁ ဦး)ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသူများအနက် နိုင်ငံရေးအကျဥ်းသား ၄၅၅၆ ဦးခန့်သာလွတ်မြောက်လာခဲ့သဖြင့် ၈ ရာခိုင်နှုန်းခန့်သာရှိကြောင်း AAPP ၏စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here