မိုးကုတ်မြို့ သံလွင်တောင်အဆင်း ကုန်တင်ယာဥ်တစ်စီး ဘရိတ်ပေါက်၍ လမ်းရှိဓာတ်တိုင်အပါအဝင် ကားတစ်စီးကိုပါ ဆင်ကဲတိုက်မှုဖြစ်ပွား

0
296

မိုးကုတ်မြို့ သံလွင်တောင်အဆင်း ကုန်တင်ယာဥ်တစ်စီး ဘရိတ်ပေါက်၍ လမ်းရှိဓာတ်တိုင်အပါအဝင် ကားတစ်စီးကိုပါ ဆင်ကဲတိုက်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ လယ်ဦးရပ် သံလွင်တောင်အဆင်းအနီး ယနေ့ ဧပြီ ၂၁ နံနက်ပိုင်းက ခြောက်ဘီးကုန်တင်ယာဥ်တစ်စီး ဘရိတ်ပေါက်၍ ထိုးဆင်းခဲ့ရာမှ လမ်းဘေးတွင်ရှိသည့်ဓာတ်တိုင်အပါအဝင် ကားတစ်စီးကိုပါ ဝင်ရောက်တိုက်မိသည့်ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့သည်။

” ကားကြီးက ပစ္စည်းလိုက်ပို့တဲ့ကားပါ။ ပစ္စည်းပို့ပြီးအပြန်မှာ ဘရိတ်ပေါက်ပြီးဘေးမှာရှိတဲ့ ဓာတ်တိုင်တို့ ကားတို့ကို တစ်ခြမ်းဆွဲတိုက်မိသွားတာပါ။ ယာဥ်ကြီးမှာပါတဲ့သူတွေထိခိုက်ဒဏ်ရာရလို့ဆေးရုံပို့ထားပါတယ် ယာဥ်မောင်းကတော့ခေါင်းပေါက်ပြီး၊ ယာဥ်နောက်လိုက်ကတော့ပေါင်မှ ထိခိုက်ဒဏ်ရာအနည်းငယ်ရသွားတယ်။ မစိုးရိမ်ရပါဘူး”မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)မှ တာဝန်ခံတစ်ဦးကပြောသည်။

ခြောက်ဘီးယာဥ်မှထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကို မိုးကုတ်ဆေးရုံကြီးအရေးပေါ်လူနာဌာနသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here