နိုင်ငံခြားသုံးငွေနှင့်ပြည်တွင်းငွေကြေးအား ဥပ ဒေနှင့်အညီသုံးစွဲရမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းပြော

0
262

နိုင်ငံခြားသုံးငွေနှင့်ပြည်တွင်းငွေကြေးအား ဥပ ဒေနှင့်အညီသုံးစွဲရမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းပြော

အထူးစီးပွားရေးဇုန်များ၏ ပို့ကုန်/သွင်းကုန်လုပ် ငန်းများလျင်မြန်ချောမွေ့စေရေးနှင့်ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးတို့အတွက် နိုင်ငံခြားငွေအသုံးပြုခြင်းနှင့်ပတ်သက်၍ ဧပြီ ၂၀ ရက်ကပြုလုပ်သည့် အစည်းအဝေး၌ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကပြောကြားခဲ့သည်။

“ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ ကိုထုတ်ပြန်ခဲ့ပါတယ် ထုတ်ပြန်ထားတဲ့ထဲက အပိုဒ် ၃ အရ ဗဟိုဘဏ်က ကင်းလွတ် ခွင့်တွေနဲ့စပ်လျဉ်းပြီး ထပ်မံထုတ်ပြန်ပေးသွားမှာပါ ပြည်တွင်းဈေးကွက်အတွင်းမှာ စီးပွားရေးလုပ် ငန်းတွေလုပ်မယ်ဆိုရင် ပြည်တွင်းဥပဒေတွေနဲ့အ ညီဆောင်ရွက်ရမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကပြောသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီများ၊စက်မှုလုပ်ငန်းရှင်များနှင့်ဘဏ်များကြားချိတ်ဆက်၍ လုပ်ငန်းများလျင်မြန်ချောမွေ့စေရန် ဆောင်ရွက်သွားရမည်ဖြစ်ကာ လုပ်ငန်းရှင်များအ နေဖြင့် ကုန်ထုတ်လုပ်မှုစာရင်းများ ပြုစုထားရန် လိုအပ်ပြီး နိုင်ငံခြားသုံးငွေနှင့်ပြည်တွင်းငွေကြေးအား ဥပဒေနှင့်အညီသုံးစွဲရမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

အလားတူ ဗဟိုဘဏ်ဥက္ကဋ္ဌဦးသန်းညိန်းမှ ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ အရ အထူးစီးပွားရေးဇုန်များရှိ လုပ်ငန်းရှင်များ စိုးရိမ်ပူပန်မှုများရှိသော်လည်း အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီဆောင်ရွက်ရမည်ဟုပြော သည်။

ထို့အတူ နိုင်ငံခြားငွေနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့်အတိုင်း ဆက်လက်ဆောင် ရွက်နိုင်ကာ အခက်အခဲများရှိပါက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့်ဗဟိုဘဏ်သို့တင်ပြနိုင်ကြောင်းပြောသည်။

ထို့ပြင် ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးမှလည်း နိုင်ငံခြားငွေမရှိသည့်ကုမ္ပ ဏီများအနေဖြင့် မြန်မာကျပ်ငွေမှနိုင်ငံခြား ငွေသို့ပြောင်းလဲ၍ ပြည်ပရှိ Supplier များသို့ပေးချေနိုင်ကာ ယင်းငွေပေးချေမှုအတွက် Standard Operating Procedure(SOP)အား မူကြမ်းပြုစုလျက်ရှိပြီး မကြာမီထုတ်ပြန်သွားမည်ဟုပြော သည်။

ထို့ပြင် အစည်းအဝေးသို့တက်ရောက်လာကြသည့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများနှင့်သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ၏ ဝိုင်းဝန်း ဆွေးနွေးတင်ပြမှုများအား ပြည်ထောင်စုဝန်ကြီးများနှင့်ဗဟိုဘဏ်ဥက္ကဋ္ဌတို့က ညှိနှိုင်း​ဆွေး​နွေးပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here