ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေအမိန့်ကြေညာချက်မှ ကင်းလွတ်ခွင့်ရရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်အဖွဲ့အစည်း များအားအသိပေးထုတ်ပြန်

0
94

ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေအမိန့်ကြေညာချက်မှ ကင်းလွတ်ခွင့်ရရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်အဖွဲ့အစည်း များအားအသိပေးထုတ်ပြန်

ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာစာအမှတ်(၁၂/၂၀၂၂)တွင် အကျုံးဝင်ခြင်းမရှိ​သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်အဖွဲ့အစည်းများအား ဧပြီ ၂၀ ရက်ကထုတ်ပြန်အသိပေးခဲ့သည်။

၁ ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက်ဖြင့်ဆောင်ရွက်နေသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ။

၂ ။ အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ဆောင် ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ။

၃ ။ မြန်မာနိုင်ငံနှင့်သံတမန်ထူထောင်ထားပြီး မြန် မာနိုင်ငံအတွင်း သံရုံးဖွင့်လှစ်ထားရှိသော ပြည်ပနိုင်ငံမှသံတမန်များ၊မိသားစုဝင်များနှင့်အဆိုပါသံရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သံတမန်နှင့်အလားတူအဆင့်ရှိသည့် သံအဖွဲ့ မှုထမ်းစုတွင်ပါဝင်သည့် နိုင်ငံခြားသားဝန်ထမ်းများ။

၄ ။ မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းနှင့်၎င်း၏လက်အောက်ခံအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကုလသမဂ္ဂဝန် ထမ်းများနှင့်ကုလသမဂ္ဂဝန်ထမ်း(laissez- passer)ခရီးသွားလက်မှတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ။

၅ ။ ပြည်ပနိုင်ငံများမှမြန်မာနိုင်ငံတွင် လာရောက်အကူအညီပေးရေးဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးအေဂျင်စီ(Development Agencies)များရှိ နိုင်ငံ ခြားသားဝန်ထမ်းများ။

၆ ။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ(ဥပမာ- ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်း၊အပြည်ပြည်ဆိုင် ရာအလုပ်သမားအဖွဲ့စသည်)၊ INGO နှင့် Development Agencies များ(ဥပမာ- TICA, JICA)မှသံတမန်အဆင့် နိုင်ငံခြားသားဝန်ထမ်း များ။

၇ ။ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ အစရှိသည်တို့သည် ဗဟိုဘဏ်၏ အမိန့်ကြေညာချက်၌ အကျုံးဝင်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဗဟိုဘဏ်၏အမိန့်ကြေညာချက်၌ အ ကျုံးဝင်ခြင်းမရှိသည့် အဖွဲ့အစည်းများ၊လုပ်ငန်းများအတွက် နိုင်ငံခြားငွေနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၌ အထက်ပါအဖွဲ့အစည်း၊ လုပ်ငန်းများဖြစ်ကြောင်း သက်ဆိုင်ရာစာရွက် စာတမ်းအထောက်အထားများယူရမည်ဖြစ်ကာ သေချာစွာဆောင်ရွက်၍ မှန်ကန်ခြင်းရှိမှသာ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ချက်များအား ဗဟိုဘဏ်သို့တင်ပြရမည်ဖြစ်ကာ မှတ်တမ်းအဖြစ်ထားရှိရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here