ချင်းရိုင်းခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသားများတင်ဆောင်လာသည့်ကားတိမ်းမှောက် ဒဏ် ရာရသူများရှိကာ ၆ ဦးဖမ်းမိခဲ့

0
156

ချင်းရိုင်းခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသားများတင်ဆောင်လာသည့်ကားတိမ်းမှောက် ဒဏ် ရာရသူများရှိကာ ၆ ဦးဖမ်းမိခဲ့

ထိုင်းနိုင်ငံ၊ချင်းရိုင်းခရိုင်၊မယ်ဆိုင်မြို့၊အုပ်စု ၇ တွင် တရားမဝင်မြန်မာနိုင်ငံသားများအားတင် ဆောင်လာသည့် ကားတစ်စီးသည် ဧပြီ ၂၁ ရက်နံနက်အစောပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိမ်းမှောက်မှုဖြစ်ပွားရခြင်းမှာ မယ်ဆိုင်မြို့၊အုပ် စု ၇ ၊ပုံဖမ်ကျေးရွာအနီးရှိ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးအတွက် စစ်ဆေးသည့်စစ်ဆေးရေးဂိတ်၌ တာဝန်ကျနေသည့် ထိုင်းရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြတ် သန်းသွားလာနေသည့် ကားများအားတားဆီးစစ် ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးစဥ် ဟိုင်းလပ်ကားတစ်စီးပေါ်၌လူ အများအပြားလိုက်ပါလာသည်အား တွေ့ရှိရသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် ပူးပေါင်းအဖွဲ့ဝင်များက လိုက်လံဖမ်း ဆီးရာ မောင်းနှင်ထွက်ပြေးသွားသည့်ကားမှာ အ ရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ကားမောင်းနှင်လာသည့် ထိုင်းနိုင်ငံသားမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

“ကားကမောင်းပြေးတော့ အရှိန်မထိန်းနိုင်ဘဲမှောက်သွားတယ် ဒဏ်ရာရတဲ့လူတွေကလည်း အဖမ်းခံရမှာကြောက်လို့ထွက်ပြေးကြတယ်လို့ သိရတယ် ကလေးတစ်ယောက်အပါအဝင် ၆ ယောက်ကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေကဖမ်းမိခဲ့တယ် ကျွန်တော်တို့လည်းတတ်နိုင်သလောက်ကူညီပေးနေပါတယ်”ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သ မားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဟိုင်းလပ်ကားပေါ်တွင်လိုက်ပါလာသည့် တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊အမျိုးသမီး ၄ ဦးနှင့်ကလေးငယ် ၁ ဦးတို့အားဖမ်းဆီးရမိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သဖြင့် မယ်ဆိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here