မန္တလေးနန်းမြို့ရိုး အရှေ့ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်းရှိ ရတနာပုံအပန်းဖြေဥယျာဉ် အတွင်း အများပြည်သူလာရောက်အပန်းဖြေနိုင်

0
445

မန္တလေးနန်းမြို့ရိုး အရှေ့ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်းရှိ ရတနာပုံအပန်းဖြေဥယျာဉ် အတွင်း အများပြည်သူလာရောက်အပန်းဖြေနိုင်

မန္တလေးနန်းမြို့ရိုး အရှေ့ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်းရှိ ရတနာပုံအပန်းဖြေဥယျာဉ် အတွင်း နေ့စဉ်အများပြည်သူလာရောက်အပန်းဖြေနိုင် ပြီဖြစ်ကြောင်း မန်းစည်ပင်မှ သိရသည်။

“ကျုံးအရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ရတနာပုံအပန်းဖြေဥယျာဉ်ကို သင်္ကြန်အကြိုနေ့မှာ ခမ်းခမ်းနားနားနဲ့စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။သင်္ကြန်အပြီးမှာလည်း အများပြည်သူတွေအနေနဲ့ နေ့စဉ် အခမဲ့လာရောက်လည်ပတ်အပန်းဖြေနိုင်ကြပါတယ်” ဟုမန်းစည်ပင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရတနာပုံ ဥယျာဉ်အတွင်း နံနက်ပိုင်းနှင့်ညနေပိုင်းတွေမှာ ကျန်းမာရေး အားကစားလှုပ်ရှားများမှုများ အလှဓါတ်ပုံများရိုက်ကူးခြင်းများ မင်္ဂလာအကြို အလှပုံရိုက်ကူးခြင်းများ မွေးနေ့ဧည့်ခံပွဲများ အထိမ်းအမှတ်ပွဲများကိူလည်းကျင်းပနိုင်ရန် စိစဉ်ထားကြောင်း၊ပြည်သူများ နေ့စဉ်လာရောက်အပန်းဖြေနိုင်ရန် နံနက် ၅ နာရီ မှ ည ၇နာရီထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ၂၆ လမ်း ၇၃ လမ်း မဂ်လာတံတားဝင်ပေါက်နှင့် ၆၆လမ်း ၁၉ လမ်း လမ်း ၈၀ ၂၂လမ်း ဝင်ပေါက်တို့ မှ ဝင်ရောက်နိုင်ကြောင်း သိရသည်။

ရတနာပုံအပန်းဖြေဥယျာဉ်စီမံကိန်းတွင် မြင်းလှည်းလမ်း၁၆ပေ၊ကလေးများ စက်ဘီးစီးရန် စက်ဘီးလမ်း၁၀ပေ၊လူသွားလမ်း၃၁ပေ၊ပရဆေးစိုက်ခင်းများ၊ပန်း အလှပင်များ၊နန်းမြို့ရိုးအလှ မပျက်စီးရန်အတွက် ၆ပေမကျော်သော သစ်ပင်ငယ်များ၊စားသောက်ဆိုင်ငယ်များ၊လူများအနားယူနိုင်ရန်ထိုင်ခုံများစသည်ဖြင့် ပါဝင်တည်ဆောက်ထားပြီး မန္တလေးမြို့ခံလူထုအား ဝင်ကြေး အခမဲ့ဖြင့် အပန်းဖြေအနားယူနိုင်ကြောင်းသိရသည်။

ကျုံးအရှေ့ဘက်ခြမ်းရှိ ဦးထိပ် ရတနာပုံအပန်းဖြေဥယျာဉ်မှာ ဧပြီ ၁၃ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပြီး ကျုံးတောင်ဘက်ခြမ်းရှိ ကျော်မိုးရတနာပုံအပန်းဖြေဥယျာဉ်ကို ဆက်လက်တည်ဆောက်လျှက်ရှိသည့်အပြင် ကျုံးအနောက်ဘက်ခြမ်းတွင် စည်ရှင်ရတနာပုံအပန်းဖြေဥယျာဉ်နှင့်ကျုံးမြောက်ဘက်ခြမ်း တွင် လေးသိန်းရတနာပုံအပန်းဖြေဥယျာဉ်တို့ကိုလည်း ဆက်လက်တည်ဆောက်ရန် အစီအစဉ်များရှိကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here