ဧပြီ ၁၈ရက်ကစပြီး တက္ကသိုလ်၊ကောလိပ်များ ကျောင်းအပ်လက်ခံ

0
124

ဧပြီ ၁၈ရက်ကစပြီး တက္ကသိုလ်၊ကောလိပ်များ ကျောင်းအပ်လက်ခံ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို ၂၀၂၂ မေလ ၁၂ရက်ကစပြီး စတင်ဖွင့်လှစ်မည်ဟုသိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်းများအတွက် ကျောင်းအပ်လက်ခံခြင်းကို၂၀၂၂ဧပြီ၁၈ ရက်နေ့မှစတင်လက်ခံနေပြီလည်းဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ အေလအတွင်းပြန်လည်ဖွင့်လှစ်ရာတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် ဂုဏ်ထူးတန်းပထမနှစ်သင်တန်းများ၊၂၀၂၁-၂၀၂၂ ပညာသင်နှစ် – ပဉ္စမနှစ် ဥပဒေပညာ၊ ပဉ္စမနှစ် ပညာရေးနှင့် ဂုဏ်ထူးတန်းတတိယနှစ်သင်တန်းများ(ဖွင့်လှစ်ဆဲ)၊၂၀၂၁-၂၀၂၂ပညာသင်နှစ်-မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများ (ဖွင့်လှစ်ဆဲ) ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် – ပထမနှစ်သင်တန်းများ(၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ) အားလုံးပါဝင်မည်ဟုသိရသည်။

ယင်းအပြင် ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များတွင်လည်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် – ပထမနှစ် သင်တန်းများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် – ပထမနှစ်သင်တန်းများ(၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ၂၀၂၂ မေလ ၁၂ရက်ကစပြီး စတင်ဖွင့်လှစ်မည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here