ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့တွင် တစ်သောင်းကျပ်တန်ငွေစက္ကူအတုများဖြင့် ငွေလွှဲငွေထုတ်သူ ၂ ဦးအား ဖမ်းဆီးရမိ

0
267

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့တွင် တစ်သောင်းကျပ်တန်ငွေစက္ကူအတုများဖြင့် ငွေလွှဲငွေထုတ်သူ ၂ ဦးအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့တွင် ဧပြီ ၂၃ ရက်မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က တစ်သောင်းကျပ်တန်ငွေစက္ကူအတုများဖြင့် ငွေလွှဲငွေထုတ်ပြုလုပ်သူ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်တွင် ကန်ကြီးထောင့်မြို့၊(၁)ရပ်ကွက်ရှိ စျေးဆိုင်တစ်ဆိုင်တွင် အသက်(၂၇)နှစ်အရွယ်ခန့်ရှိ အမျိုးသမီး ၁ ဦးမှ ခရိုင်ပြည်နယ်၊ဂွမြို့နယ်၊ဆင်ကူကျေးရွာနေသူထံ Wave Money ဖြင့် ငွေကျပ် ၁ သိန်းလွှဲပေးရန်လာရောက်ခဲ့သဖြင့် ဆိုင်ပိုင်ရှင်မှ လွှဲပြောင်းပေးခဲ့သည်။

ထိုသို့ လွှဲပြောင်းပေးပြီးနောက် အမျိုးသမီးပေး အပ်သည့် ငွေကျပ် ၁ သိန်းအားလက်ခံ၍စစ်ဆေးရာ တစ်သောင်းကျပ်တန် ၁၀ ရွက်အနက် ၆ ရွက်မှာ နံပါတ်များတူနေသည်ကို တွေ့ရှိရသဖြင့် ဆိုင်ပိုင်ရှင်မှ တာဝန်ရှိသူများထံဆက်သွယ်သတင်း ပေးပို့ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများကလာရောက်စစ်ဆေးရာ လွှဲ ပြောင်းပေးထားသည့် ငွေကျပ် ၁ သိန်းအား ငွေလွှဲသူအမျိုးသမီး၏ အမျိုးသားဖြစ်သူမှ ကန်ကြီးထောင့်မြို့၊(၄)ရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်တွင်လာရောက်ထုတ်ယူသွားကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများဖြင့် ငွေလွှဲသူအမျိုးသမီးနှင့်ငွေထုတ်ယူသူအမျိုးသား(လင်မယား)တို့အား ဖမ်းဆီးအမှုဖွင့်ကာ ဆက်စပ်ငွေစက္ကူအတုပြုလုပ်သုံးစွဲသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here