ရန်ကုန်မြို့ ဗိုလ်ချုပ်စျေးရှိ ဂုံးကျော်တံတားပေါ်၌ ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့

0
189

ရန်ကုန်မြို့ ဗိုလ်ချုပ်စျေးရှိ ဂုံးကျော်တံတားပေါ်၌ ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့

ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ် ၅ ရပ်ကွက်ရှိ ဗိုလ်ချုပ်စျေးဂုံးကျော်တံတားပေါ်တွင် ဧပြီ ၂၅ ရက်နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများထံမှသိရသည်။

ဗိုလ်ချုပ်စျေးဂုံးကျော်တံတားပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အချိန်မှာ စျေးဆိုင်များဖွင့်လှစ်ရန်လာရောက်သူများရှိနေသည့်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက်ပိုင်း ဆိုင်တွေဖွင့်ဖို့လာကြတဲ့အချိန်မှာပေါက်တာ ၆ နာရီခွဲလောက်ကပေါ့ အသံအကျယ်ကြီးပဲ လူစည်တဲ့အချိန်ဖြစ်သွားတာဆိုတော့ ထိခိုက်တာတွေလည်းရှိနိုင်တယ် ကျွန်တော်ကအဲ့အချိန်အပြင်သွားဖို့ထွက်လာတာဖြစ်တဲ့အတွက် သွားမကြည့်ဖြစ်ခဲ့ဘူး”ဟု ဗိုလ်ချုပ်စျေးအနီးနေသူတစ်ဦးကပြောသည်။

အဆိုပါ ဗိုလ်ချုပ်စျေးတွင် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းကလည်း စျေးအတွင်း၌ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here