တာချီလိတ်-မယ်ဆိုင် နှစ်နိုင်ငံချစ်ကြည်ရေး တံတားပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ

0
281

တာချီလိတ်-မယ်ဆိုင် နှစ်နိုင်ငံချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ

တာချီလိတ်-မယ်ဆိုင် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၁) ဖွင့်လှစ်ရန်အတွက် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းအပြီး ယနေ့ ဧပြီ ၂၅ရက်နံနက်ပိုင်းက ထိုင်းဘက်ခြမ်းတွင် သန့်ရှင်းရေးပြုလုပ်နေပြီး အဆင်သင့်ပြင်ဆင်ထားသည်ကိုတွေ့ရသည်။

သို့သော် တံတားအား မည်သည့်ရက်တွင်ပြန်လည်ဖွင့်လှစ်မည်ဆိုသည်ကို တရားဝင် ကြေညာထားခြင်းမရှိသေးပေ။

ပြီးခဲ့သော ဧပြီ ၂၁ ရက်နေ့က ထိုင်းနိုင်ငံရှိကုန်သည်များနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် တံတားပြန်လည်ဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် တံတားပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်နိုင်တင်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူများအား ကိုဗစ် ရောဂါပိုးရှိမရှိထပ်မံစစ်ဆေး၍ တစ်ရက်လျှင် လူဦးရေ နှစ်ထောင်အကန့်အသတ်ဖြင့် ဝင်ထွက်ခွင့်ပြုရန် လည်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့်တာချီလိတ်-မယ်ဆိုင် အမှတ် (၁)ချစ်ကြည်ရေးတံတားကို နှစ်နှစ်ကျော်ကြာပိတ်ထားခဲ့ခြင်းလည်းဖြစ်သည်။

ဓါတ်ပုံ – U Htun Maesai


LEAVE A REPLY

Please enter your comment!
Please enter your name here