ချမ်းအေးသာစံမြို့နယ်တွင် အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
189

ချမ်းအေးသာစံမြို့နယ်တွင် အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၈၈ လမ်းရှိ ပြည်ကြီးပျော်ဘွယ်အရံမီးသတ်စခန်းမှ အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဧပြီ ၂၅ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း မြို့နယ်နေသူများထံမှသိရသည်။

အရံမီးသတ်တပ်ဖွဲ့ဝင် ဦးမောင်ဆန်း(၅၈)နှစ်ခန့်သည် လမ်းလျှောက်လာစဥ် အမည်မသိအမျိုး သားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမောင်ဆန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီကယ်ဆယ်ရေးအသင်းကားဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်အားလုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာကျည်ခွံအချို့အား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here