သရုပ်ဆောင်နေဆန်းနဲ့ ဇနီးဖြစ်သူ မချောစု မှမတည်လှူဒါန်းထားတဲ့ မဏိဇေယျာ နဂါးရုံ ဘုရားအနေကဇာတင် ရေစက်ချအလှူ

0
384

သရုပ်ဆောင်နေဆန်းနဲ့ ဇနီးဖြစ်သူ မချောစု မှမတည်လှူဒါန်းထားတဲ့ မဏိဇေယျာ နဂါးရုံ ဘုရားအနေကဇာတင် ရေစက်ချအလှူ

သရုပ်ဆောင်နေဆန်းနဲ့ ဇနီးဖြစ်သူမချောစုတို့မှ မတည်လှူဒါန်းထားတဲ့ ဒဂုံမြို့သစ်တောင်ပိုင်း ရှိ နန္ဒိယာရာမ မိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်မှာ တည်ထားကိုးကွယ်ထားတဲ့ မဏိဇေယျာ နဂါးရုံ ဘုရားအနေကဇာတင်ရေစက်ချအလှူကိုဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး သရုပ်ဆောင်နေဆန်းရဲ့ ဇနီးဖြစ်သူ မချောစုက
” ဒီနေ့အလှူက တော့ နဂါးရုံဘုရားလေး လှူဖြစ်တာပေါ့ မဏိဇေယျာ နဂါးရုံ ဘုရားလေးပါ ။ အခုလိုဘုရားတည်ဖြစ်တာကတော့ အကြောင်းတရားတွေတိုက်ဆိုင်ပြီး လှူချင်တဲ့ ဆန္ဒတွေဖြစ်ပေါ်လာတဲ့အတွက်လှူဖြစ်တာပါ။ လှူဖို့အင်အားကလည်းမပြည့်စုံခဲ့ဘူး ပြည့်စုံလာတဲ့အခါကျတော့လည်း ညီမတို့မှာ လှူမယ့်နေရာမရှိခဲ့ဘူး။ အခုကျတော့အကြောင်းတရားတွေနဲ့တိုက်ဆိုင်ခဲ့တယ် လှူဖို့လည်းရှိတယ်နေရာလည်းရှိတယ် ဘုန်းဘုန်း ကလည်းနေရာလေးပေးခဲ့တယ်ဖေ့ဘုတ်ကနေအလှူရှင်တွေကို နဂါးရုံ ဘုရားအလှုမှာပါဝင်ဖို့ ဖိတ်ခေါ်တယ် ။ ဖိတ်ခေါ်တဲ့အခါမှာလည်း အင်တိုက်အားတိုက်နဲ့ ပါဝင်လှူဒါန်းပေးကြတယ်။ အလှူရှင်တွေရဲ့လှူဒါန်းပေးမှုကြောင့် မဏိဇေယျာ နဂါးရုံ ဘုရားလေးဖြစ်လာတာပါ ” လို့ပြောပါတယ် ။

ပထမ စတည်ကာစမှာ နဂါးရုံဘုရားလေးပဲတည်ဖို့စိတ်ကူးထားပေမယ့် အခုလက်ရှိမှာတော့ နဂါးရုံဘုရားအပြင် တန်ဆောင်းရယ်
ဘုရားရဲ့နောက်ကျောဘက်က အုတ်တံတိုင်း တစ်ခန်းအပြင်အခုလိုစတုဒီယာအလှူအ​ေနနဲ့လှူဖြစ်တာကအလှူရှင်တွေရဲ့ကုသိုလ်ဖြစ်ကြောင်း နေဆန်းကဆက်လက်ပြောပါတယ်။

အခုလိုရေစက်ချအလှူမှာ တရားနာလာကြတဲ့ ဧည့်ပရိသတ်တေ​ွအတွက်အယောက် ၁၀၀၀ စာ ချစ်တီးထမင်းဟင်းများနဲ့ကျွေးမွေးဧည့်ခံခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here