ဘီးလင်းမြို့နယ်အတွင်း ကျေးရွာအချို့မှရွာသူ၊ရွာသား ၇၀၀၀ ခန့်စစ်ဘေးရှောင်နေရ

0
139

ဘီးလင်းမြို့နယ်အတွင်း ကျေးရွာအချို့မှရွာသူ၊ရွာသား ၇၀၀၀ ခန့်စစ်ဘေးရှောင်နေရ

KNU-သထုံခရိုင်၊ဘီးလင်းမြို့နယ်အတွင်း နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNDO/KNLA အဖွဲ့များကြားတွင် တိုက်ပွဲဖြစ်ပွားနိုင်သည့်အခြေအ နေနှင့်လက်နက်ကြီးပစ်ခတ်မှုများရှိလာခဲ့သည်ဟု KNU ဗဟိုမှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန်ကျေးနယ်၊မြစ်ကျိုးကျေးနယ်တို့ရှိ ကျေးရွာ ၉ ရွာမှ ရွာသူ၊ရွာသား ၇၀၀၀ ခန့်သည် နေအိမ်များအားစွန့်ခွာ၍ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရကြောင်း သိရသည်။

ထိုသို့ ဘေးလွတ်ရာတိမ်းရှောင်ရာတွင် ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများလည်းပါဝင်နေသဖြင့် ဆန်၊ဆေးဝါးနှင့်အခြေခံစားသောက်ကုန်များလိုအပ်လျက်ရှိကြောင်း KNU ဗဟိုမှသိရသည်။

“စစ်ဘေးလွတ်ကင်းမယ်ထင်တဲ့နေရာတွေကိုတိမ်းရှောင်လာကြတယ် ဆွေမျိုးတွေအိမ်နဲ့ခင်မင်ရင်းနှီးသူတွေအိမ်ရောက်နေကြတာလည်းရှိသလို့ ယာယီတဲထိုးပြီးတစ်စုတစ်စည်းထဲနေကြတဲ့လူတွေလည်းရှိတယ် ကျွန်တော်တို့ကတော့အတတ်နိုင်ဆုံးကူညီပေးနေပါတယ် အရေးတကြီးလိုအပ်နေတာတွေက ဆန်၊သောက်ရေနဲ့အမိုူအကာအတွက် တာလပတ်စတွေကတော့လိုအပ်နေတယ် ဆေးဝါးလည်းအရေးပေါ်လိုအပ်တယ်”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

“နိုင်သလောက်ပစ္စည်းတွေသယ်ပြီး ရွာလုံးကျွတ်နီးပါးပြေးလာကြတာ ရွာထဲတွေမှာဆိုရင် လူ လတ်ပိုင်းအနည်းအကျဥ်းလောက်ပဲအခြေအနေစောင့်ကြည့်တဲ့သဘောနဲ့ရှိနေတာပဲကျန်ခဲ့ကြတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here