မဟာအောင်မြေမြို့နယ်တွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်း တွေ့ရှိ

0
206

မဟာအောင်မြေမြို့နယ်တွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်း တွေ့ရှိ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက်၊၈၇လမ်း၊လမ်း၄၀နှင့်၄၁လမ်းကြားတွင် ဧပြီ၂၆ရက်နံနက်၅နာရီက ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“သေနေတာက ယောကျာ်းတစ်ယောက်ပဲ။လည်ပင်းကို ဓားနဲ့ထိုးသတ်သွားတာထင်တယ်။ဘယ်သူလဲတော့ အသက်က၄၀ဝန်းကျင်လောက်တော့ရှိမယ်ထင်တယ်။ကြည့်ရတာက ညက အသတ်ခံလိုက်ရတာထင်တယ်´´ဟု မြို့ခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဧပြီ၂၆ရက်နံနက်၅နာရီက မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက်၊၈၇လမ်း၊လမ်း ၄၀နှင့်၄၁လမ်းကြားတွင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်းသတင်းရှိသဖြင့် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ ၄၁လမ်းနှင့်၈၇ လမ်း‌ထောင့်၊၈၇ လမ်းပေါ်၌ အသက် ၄၀ ခန့်ရှိ ၊ အမည်မသိ အမျိုးသား တစ်ဦးမှာ မှောက်ခုံအနေထားဖြင့် အရှေ့ရပ်သို့ဦးခေါင်းပြု၍ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့်သေဆုံးနေသဖြင့် မိုးဃ်းကောင်းယသလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီ၂၆ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ လမ်း၈၀နှင့်၁၄လမ်းဒေါင့် ကျုံးရေပြင်ထဲတွင် အသက်၄၀ခန့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသည်ကို တွေ့ရှိခဲ့ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here