ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသည့် အမှု၁မှုအား ဧပြီ၂၇ရက်တွင် အပြီးသတ်အမိန့်ချရန်ရှိ

0
155

ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသည့် အမှု၁မှုအား ဧပြီ၂၇ရက်တွင် အပြီးသတ်အမိန့်ချရန်ရှိ

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ပတ်သတ်သည့် စွပ်စွဲချက်အမှုအား ယနေ့ ဧပြီ၂၆ရက်တွင် အပြီးသတ်အမိန့်ချမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မချဖြစ်ခဲ့ဘဲ မနက်ဖြန် ဧပြီလ ၂၇ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှသိရသည်။

“ဒီနေ့ အမိန့်ချဖို့ ရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့တယ်။ဒါပေမယ့် အမိန့်က မချဖြစ်ခဲ့ဘူး။မနက်ဖြန်မှ အမိန့်ချမယ်လို့ သိရပါတယ်။ဘာကြောင့်လဲ ဆိုတာတော့ မသိရဘူး”ဟု ရှေ့​နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောပြသည်။

ယနေ့ နေပြည်တော်ရှိ အထူးတရားရုံးတွင်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ပတ်သတ်သည့် စွပ်စွဲချက်အမှုအား မနက်ဖြန်တွင် အမိန့် ချမှတ်ရန် ရုံးတော်ဘက်က ချိန်းဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း ၁၀ မှုကျော်အား တရားရင်ဆိုင်ခဲ့ရပြီး အဆိုပါအမှုများထဲက အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here