အပူရှိန်ပိုမိုပြင်းထန်လာသဖြင့် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များအား ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

0
154

အပူရှိန်ပိုမိုပြင်းထန်လာသဖြင့် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များအား ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

နစက ၏ကျန်းမာရေးဝန်ကြီးဌာနမှ နွေရာသီတွင်ရာသီဥတုအပူရှိန်ပိုမိုပြင်းထန်လာ၍ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများဆုံးရှုံးမှုပိုမိုများပြားလာသဖြင့် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များအား အသိပေးနှိုးဆော်ထုတ်ပြန်ခဲ့သည်။

အပူဒဏ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊မူးဝေခြင်း၊ခေါင်းကိုက်ခြင်း၊ကြွက်တက်ခြင်း၊ချွေးခြောက်ခြင်း၊ကိုယ်အပူချိန်မြင့်တက်ခြင်း၊သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်စေနိုင်ကြောင်း နှိုးဆော်အသိပေးခဲ့သည်။

ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများနှင့်ဆီး ချိုရောဂါ၊နှလုံးရောဂါ၊သွေးတိုးရောဂါအခံရှိသူ များ နေ့လည်အချိန်တွင်အရိပ်ရအေးမြကာ လေဝင်လေထွက်ကောင်းသည့်နေရာများ၌ နားနေပါ။

ပူပြင်းသည့် နေရောင်အောက်တွင်ပြင်းထန်စွာအ လုပ်လုပ်ခြင်းနှင့်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့အား ရှောင်ကြဉ်ပါ။

ပူပြင်းသည့် နေရောင်အောက်တွင် သွားလာလှုပ် ရှားရန်၊အလုပ်လုပ်ရန် လိုအပ်ပါကအရိပ်လုံ လောက်စွာရနိုင်သည့် ထီး၊ဦးထုပ်များဆောင်းသွားပါ၊အရိပ်ရအေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်း မကြာခဏပြုလုပ်ပါ။

အလင်းပြန်သောအဖြူရောင်(သို့)အရောင်ဖျော့ သည့် ပွပွချောင်ချောင်ချည်ထည်များအားဝတ်ဆင်ပါ။

နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက် ၁၀ နာရီမှညနေ ၅ နာရီအထိ လွင်တီးခေါင်ပြင်မြစ်ကမ်းနားရေချိုးဆိပ်များ၌ အဝတ်လျှော် ဖွပ်ခြင်း၊ရေချိုးခြင်းတို့အား ရှောင်ကြဉ်ပါ။

အရက်သေစာသောက်သုံးခြင်းသည် အပူဒဏ်အန္တရာယ်အား ပိုမိုခံစားရစေနိုင်ကာ ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

ခန္ဓာကိုယ်အတွင်း ရေနှင့်ဓါတ်ဆားဓါတ်များ ဆုံး ရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓါတ်ဆားရည်အား လုံ လောက်အောင် သောက်သုံးပါ။မိတ်နှင့်ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊သနပ်ခါးလိမ်းခြင်းတို့ ပြုလုပ်ပါ။

အပူဒဏ်အန္တရာယ်ခံစားရသည့် လူနာအားအရိပ် ရအေးမြ၍ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ထားရှိခြင်း၊ရေနှင့်ဓါတ်ဆားရည်များသောက်သုံးစေခြင်း၊လူနာ၏ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊လည်ပင်း၊ချိုင်းကြား ၂ ဖက်နှင့်ပေါင်ခြံ ၂ ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်းတို့အားဆောင်ရွက်၍ နီးစပ်ရာဆေးရုံ၊ဆေးခန်း၊ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here