မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးတိုးမြှင့်ဆောင်ရွက်မည်

0
66

မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးတိုးမြှင့်ဆောင်ရွက်မည်

ထိုင်းနိုင်ငံမှအလှည့်ကျအိမ်ရှင်အဖြစ် ၂၃ ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူး ပေါင်းထိန်းချုပ်ရေးအစည်းအဝေးအား ဘန် ကောက်မြို့၌ ဧပြီ ၂၂ ရက်ကကျင်းပခဲ့သည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့်ကိုယ်စားလှယ်အဖွဲ့မှ ထိုင်းနိုင်ငံ၊တရားရေးဝန် ကြီး၊ H.E.Mr.Somsak Thepsutin ၏ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ထိုင်းနိုင်ငံ၊တရားရေးဝန်ကြီး H.E.Mr.Somsak Thepsutin တို့တွေ့ဆုံကာ နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင် ရာများအားတိုးမြှင့် ဆောင်ရွက်ရန်၊ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစစ်ဆင် ရေး Operation 1511/22 အောင်မြင်မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအားဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ၊မူး ယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)မှ မူးယစ်ဆေးဝါးပြစ်မှုများနှင့်ဆက်နွယ်၍ သိမ်းဆည်းထားရှိသည့် ပိုင်ဆိုင်မှုများစီမံခန့်ခွဲမှုအဆင့်ဆင့်နှင့်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ၌ ခေတ်မီနည်းပညာအသုံးပြုဖော်ထုတ်ဆောင်ရွက်နေမှု၊သိမ်းဆည်းထားသည့် ဘဏ္ဍာသိမ်းပစ္စည်းများ လေလံတင်ရောင်းချမှုတို့အားကြည့်ရှုလေ့လာခဲ့သည်။

ထို့နောက် ဘန်ကောက်မြို့ရှိ ထိုင်းတော်ဝင်ရဲတပ် ဖွဲ့၏ ဆိုင်မိုင်နယ်မြေရဲစခန်းနှင့်ရေကြောင်းရဲတပ် ဖွဲ့တို့မှလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်နေမှု၊ရဲ တပ်ဖွဲ့ဝင်များ၏ နေထိုင်ရေးနှင့်အုပ်ချုပ်ထောက် ပံ့ရေးဆောင်ရွက်ပေးမှုတို့အား ကြည့်ရှုခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တား ဆီးကာကွယ်ရေးဗဟိုအဖွဲ့၊တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် နှင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ Anantra Siam Bangkok Hotel အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံမှ အလှည့် ကျအိမ်ရှင်အဖြစ် ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒေသတွင်းမူးယစ်ဆေးဝါးအ ခြေအနေများ၊ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများတရားမဝင် ဝင်ရောက်မှုထိန်းချုပ်ရေး၊ဒေသတွင်းနှင့်ဒေသပြင်ပနိုင်ငံများသို့ မူးယစ်ဆေးဝါးများပျံ့နှံ့မှုမရှိစေရေး၊နှစ်နိုင်ငံအလိုရှိ တရားခံများဖော်ထုတ်ဖမ်းဆီးရေး၊မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးအရာရှိများ၏ စွမ်းရည်မြှင့်တင်ရေး၊လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးရေးကိစ္စရပ်များနှင့် ၂၄ ကြိမ်မြောက် အစည်းအဝေးအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေးတို့အား ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here