အာဆီယံ၏ အသိုင်းအဝိုင်းထူထောင်ခြင်း၊ပြင်ပဆက်ဆံရေးတိုးမြှင့်မှုဆိုင်ရာလုပ်ငန်းများ၌ နီး ကပ်စွာအပြုသဘောဆက်လက်ပူးပေါင်းမည်

0
151

အာဆီယံ၏ အသိုင်းအဝိုင်းထူထောင်ခြင်း၊ပြင်ပဆက်ဆံရေးတိုးမြှင့်မှုဆိုင်ရာလုပ်ငန်းများ၌ နီး ကပ်စွာအပြုသဘောဆက်လက်ပူးပေါင်းမည်

နိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးက ဧပြီ ၂၆ ရက်ကကျင်းပသည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးအား Video Conferencing ဖြင့်တက်ရောက်ရာ၌ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများအား ထောက်ခံကြိုဆိုကာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ အသိုက်အဝန်းထူထောင်ခြင်း၊ပြင်ပဆက်ဆံရေးတိုးမြှင့်မှုဆိုင် ရာလုပ်ငန်းများ၌ အာဆီယံနှင့်နီးကပ်စွာ အပြုသ ဘောဆက်လက်ပူးပေါင်းသွားမည်ဟု အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးကပြောသည်။

ထို့ပြင် အစည်းအဝေး၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ဦးစားပေးလုပ်ငန်းများ အကောင်အ ထည်ဖော်ခြင်း၊အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သို့ ဝင်ရောက်မည့် အာဆီယံပြင်ပနိုင်ငံများဆိုင်ရာကိစ္စ၊အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးတို့အား ဆွေးနွေးခဲ့ကြသည်။

အလားတူ ၁၇ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးထုတ်ပြန် ချက်များ၊ကမ္ဘာ့စီးပွား ရေးဖိုရမ်မှ အာဆီယံနှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် ကမ်းလှမ်းလာသည့်ကိစ္စတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအား ကမ္ဘောဒီးယားအဆင့်မြင့်အ ရာရှိကြီး H.E. EAT Sophea မှသဘာပတိအဖြစ် ဆောင်ရွက်ကာ အာဆီယံနိုင်ငံများမှအဆင့်မြင့် အရာရှိကြီးများနှင့်အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အ ဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here