ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ် အကောင်အထည်ဖော်နေဟုဆို

0
130

ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ် အကောင်အထည်ဖော်နေဟုဆို

ပြည်သူတွေပါပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်နေတယ်လို့ နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အဲ့ဒီလုံခြုံရေးစနစ်ထဲ တပ်မတော်၊ရဲတပ်ဖွဲ့၊ရပ်ရွာလုံခြုံရေးအထောက်အကူပြုအဖွဲ့၊နောက်ပြီး ပြည်သူတွေပါဝင်တယ်လို့ ပြောပါတယ်။

ဒီစနစ်ကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒီစနစ်ကိုဆောင်ရွက်လိုက်တဲ့အတွက် နိုင်ငံထဲ အကြမ်းဖက်မှုတွေ လျှင်မြန်စွာချုပ်ငြိမ်းသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူတွေပါပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို တရုတ်နိုင်ငံနဲ့ အိန္ဒိယတို့မှာအကောင်အ ထည်ဖော်ဆောင်ရွက်နေတာရှိသလို အာဆီယံနိုင်ငံတွေထဲမှာလည်း ဖိလစ်ပိုင်၊ဗီယက်နမ်စတဲ့ နိုင်ငံတွေမှာလည်း ကျင့်သုံးဆောင်ရွက်နေတဲ့အကြောင်းပါ ထည့်သွင်းပြောဆိုသွားတာတွေ့ရပါတယ်။

ပြည်သူ့လုံခြုံရေးစနစ်နဲ့ဖွဲ့စည်းပြီးသွားတဲ့အဖွဲ့အရေအတွက်အကြောင်းကိုတော့ အသေးစိတ်ထည့်ပြောသွားမျိုးတော့ မလုပ်ခဲ့ပါဘူး။

 


LEAVE A REPLY

Please enter your comment!
Please enter your name here