အထွေထွေရွေးကောက်ပွဲအား အကြားအလပ်မရှိ ကျင်းပနိုင်ရေးဆောင်ရွက်နေဟုဆို

0
152

အထွေထွေရွေးကောက်ပွဲအား အကြားအလပ်မရှိ ကျင်းပနိုင်ရေးဆောင်ရွက်နေဟုဆို

ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာအောင် ဆောင်ရွက်မယ်လို့ ကတိပြုထားပြီးဖြစ်၍ အထွေထွေရွေးကောက်ပွဲအား အကြားအလပ်မရှိ ကျင်းပနိုင်ရေးဆောင်ရွက်နေကြောင်း နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

နစကအနေဖြင့် အရေးပေါ်အခြေအနေကာလပြီးစီးပါက ရွေးကောက်ပွဲကျင်းပပေးမည်ဆိုသော ကတိအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ထားပြီး အဖွဲ့အစည်းအချို့နှင့် ချိတ်ဆက်ထားကာ ၎င်းတို့တက်ရောက်နိုင်ရန် မျှော်လင့်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“ငြိမ်းချမ်းရေးရရှိဖို့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့ လိုပါတယ်”ဟု ၎င်းကပြောသည်။

အချို့က ထိုသို့ ကြိုတင်ကန့်သတ်ညှိနှိုင်းမှုမပါဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် ဝေဖန်နေခြင်းများရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NUG၊ PDFတို့ကို ဖြိုခွဲလိုတာ၊ပိုပြီးနှိမ်နင်းလိုသည့်အတွက် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုကြကြောင်း၊အမှန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ဖြစ်တည်မှုနှင့်NUG၊ PDFတို့၏ ဖြစ်တည်မှုမတူကြောင်း၊တိုင်းရင်းသားလက်နက်ကိုင်များသည် ၎င်းတို့၏ တိုင်းရင်းသားနယ်မြေအခွင့်အရေးအတွက်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆက်လက်ပြောဆိုခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here