အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်၌စတင်ဖွင့်လှစ်ရန်လျာထားဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
103

အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်၌စတင်ဖွင့်လှစ်ရန်လျာထားဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

အခြေခံပညာကျောင်းများ၏ စာမေးပွဲအောင်စာ ရင်းများအား ဧပြီ ၂၄ ရက်ကထုတ်ပြန်ပေးပြီးဖြစ် ၍ ဇွန် ၁ ရက်တွင် ကျောင်းများစတင်ဖွင့်လှစ်ရန်လျာထားသည်ဟု နစက ၏ ၁၃ ကြိမ်မြောက်သ တင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးအဖွဲ့ခေါင်း ဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“စာမေးပွဲအောင်စာရင်းတွေကို တက္ကသိုလ်ဝင်တန်းမပါ ထုတ်ပြန်ပေးပြီးဖြစ်ပါတယ် ဧပြီ ၂၅ ရက်ကနေ မေ ၃၁ ရက်အထိ ကျောင်းအပ်နိုင်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထိုပြင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် စာရင်းများအား ဇွန်လအတွင်း၌ထုတ်ပြန်ပေးသွားမည်ဖြစ်ကာ ထုတ်ပြန်ပေးမည့်ရက်အား ထပ်မံကြေညာပေးသွားမည်ဟုပြောသည်။

အလားတူ တက္ကသိုလ်၊ကောလိပ်များအား မေ ၁၂ ရက်မှစတင်၍ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“ဒီမိုကရေစီစနစ်အပြည့်အဝအကောင်အထည် ဖော်ဖို့ ခံစားနိုင်ဖို့အတွက် ပြည်သူလူထုဟာ ပညာရည်မြင့်မားဖို့လိုအပ်ပါတယ် တိုင်းပြည်ရဲ့ပညာ ရေးကိုဟန့်တားနှောင့်ယှက်တာဟာ ဒီမိုကရေစီစနစ်ကို ဟန့်တားတာဖျက်ဆီးတာပဲဖြစ်ပါတယ်” ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here