NLDပါတီအား အချိန်တစ်ခုပေးပြီးစောင့်ဆိုင်း ကာစစ်ဆေးမည်ဟု UECပြောကြား

0
89

NLDပါတီအား အချိန်တစ်ခုပေးပြီးစောင့်ဆိုင်း ကာစစ်ဆေးမည်ဟု UECပြောကြား

အစစ်ဆေးခံရန် ပျက်ကွက်ခဲ့သည့် နိုင်ငံရေးပါတီအရေးနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များစုံညီစွာစည်းဝေးခဲ့စဉ် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

NLDပါတီဘက်က အခက်အခဲရှိကြောင်းသိရှိ၍ အချိန်ကာလတစ်ခုပေးခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောသည်။

အစစ်ဆေးခံရန် ပျက်ကွက်နေသည့်အထဲပါသည့် SNLDပါတီကို ၃၀၊၆၊၂၀၂၂မတိုင်မီ သတ်မှတ်သည့်နေရာသို့လာရောက်ပြီး အစစ်ဆေးခံဖို့ အကြောင်းကြားထားကြောင်းလည်း ဦးခင်မောင်ဦးကဆက်လက်ပြောကြားသည်။

အခြားသောပါတီများဖြစ်သည့် မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ကိုလည်း ရက်တစ်ခုသတ်မှတ် ပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၏စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ဆဲပါတီ၉၂ပါတီအနက် နိုင်ငံရေးပါတီ (၈၃)ပါတီစစ်ဆေးခဲ့ပြီး၊၁ဝပါတီစစ်ဆေးရန်ကျန်နေသေးသည်ဟုသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here