ရေနံနှင့်ရေနံထွက်ပစ္စည်းထုတ်လုပ်ရေးအတွက် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့နှင့် စဥ်ဆက်မပြတ်ဆွေးနွေးညှိနှိုင်းလျက်ရှိ

0
186

ရေနံနှင့်ရေနံထွက်ပစ္စည်းထုတ်လုပ်ရေးအတွက် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့နှင့် စဥ်ဆက်မပြတ်ဆွေးနွေးညှိနှိုင်းလျက်ရှိ

နစက ၏ ၁၃ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲ ၌ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြည်တွင်စက်သုံးဆီဖူလုံရေးနှင့်စျေးနှုန်းတည်ငြိမ်ရေးအတွက် အစိုးရမှဆောင်ရွက်လျက်ရှိနေသည်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ စွမ်းအင်ကဏ္ဍဖွံဖြိုးတိုးတက်ရန် ရေနံနှင့်ရေနံထွက်အစ္စည်းများအား အဓိကထုတ် လုပ်တင်ပို့ရောင်းချလျက်ရှိသည့် ရုရှားနိုင်ငံဦးဆောင်ကာ ဘီလာရုခ်၊ကာဇက်စတန်၊ကာဂျစ်စတန်နှင့်အာမေးနီးယားနိုင်ငံတို့အဖွဲ့ဝင်များအဖြစ်ပါဝင်သည့် ဥရောပ-အာရှ စီးပွားရေးသအးမဂ္ဂအဖွဲ့များနှင့်စဥ်ဆက်မပြတ်ဆွေးနွေးညှိနှိုင်းလျက်ရှိသည်ဟုပြောသည်။

“မြန်မာနိုင်ငံမှာကုန်းတွင်းနဲ့ကမ်းလွန်ရေနံသဘာ ဝဓာတ်ငွေ့တွေထုတ်လုပ်ဖို့ အထူးသဖြင့် ကုန်းတွင်းရေနံတွင်းဟောင်းတွေရဲ့ စွမ်းအင်မြှင့်တင်တိုးတက်ထုတ်လုပ်နိုင်ဖို့လုပ်ငန်းတွေမှာ ရင်းနှီးမြှုတ်နှံပြီး ရေနံထွက်ပစ္စည်းတွေထုတ်လုပ်ဖို့အတွက် ဆွေးနွေးညှိနှိုင်းနေပါတယ်”ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်ဖိတ်ခေါ်ဆွေးနွေးလျက်ရှိကာ ရုရှားနိုင်ငံ၏ ကမ္ဘာ့ထိပ် တန်းရေနံကုမ္ပဏီများနှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနမှတာဝန်ရှိသူများ စဥ်ဆက်မပြတ်ဆွေး နွေးလျက်ရှိသည်ဟုပြောသည်။

“မကြာမီမှာ ရုရှားနိုင်ငံက ထိပ်တန်းရေနံနဲ့စွမ်းအင်ကုမ္ပဏီတွေနဲ့ဆွေးနွေးပွဲကျင်းပပြီး နှစ်ဘက်ပူး ပေါင်းဆောင်ရွက်မှုကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိပါတယ်”ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့အတူ မတ် ၂၄ ရက်၌ နှစ်ဖက်အစိုးရပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင်သည့် မြန်မာ-ဥရောပ-အာရှ စီးပွားရေးဆွေးနွေးပွဲအား စွမ်းအင်ကုမ္ပဏီများမှတာဝန်ရှိသူများတက်ရောက်၍ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရေးနှင့်လျှပ်စစ်ကဏ္ဍဖြန့်ဖြူးရေးတို့အား ဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။

အလားတူ နိုင်ငံခြသုံးငွေအားစနစ်တကျရောင်းချပေးနိုင်ရန် နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မ တီမှ စီစစ်ခွင့်ပြုပေးလျက်ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here