မြစ်ကြီးနားမြို့နယ်သို့ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၀၀ ကျော်ယနေ့နေရပ်ပြန်

0
152

မြစ်ကြီးနားမြို့နယ်သို့ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၀၀ ကျော်ယနေ့နေရပ်ပြန်

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်သို့ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေသူများအနက် လူဦးရေ ၂၀၀ ကျော်ခန့်သည် ဧပြီ ၂၇ ရက်(ယနေ့)နံ နက် ၉ နာရီခန့်မှစတင်၍ ၎င်းတို့၏နေရပ်များသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှသိရသည်။

နေရပ်များသို့ပြန်လည်ထွက်ခွာသွားသူများမှာ ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌နေထိုင်သူများဖြစ်ကာ မတ်လ ပထမပတ်မှစတင်ကာ မြစ်ကြီးနားမြို့သို့ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေသူများဖြစ်ကြောင်း သိရသည်။

“လုံရှာယန်ရွာက ရွာသူ၊ရွာသားတွေနေရပ်ပြန်ကြတာပါ ကားတွေနဲ့အဆင်ပြေအောင်လိုက်ပို့ပေးခဲ့ပါတယ် သူတို့ရွာပြန်ရောက်တဲ့အခါအဆင်ပြေအောင် လိုအပ်မယ်ထင်တာတွေကိုလည်း ကူညီထောက်ပံ့ပေးလိုက်ပါတယ် ကလေးတွေနဲ့လူကြီးတွေလည်းပါတော့ ဆေးဝါးပစ္စည်းတွေလည်းထည့်ပေးလိုက်တယ်”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် မတ်လ ပထမပတ်အတွင်း၌ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် ဒေသခံလက်နက်ကိုင်အဖွဲ့များကြား ထိတွေ့တိုက် ပွဲများဖြစ်ပွားခဲ့သဖြင့် မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊စာသင်ကျောင်းများနှင့်မြေနေရာလွတ်များ၌ယာယီတဲများထိုး၍နေထိုင်ခဲ့ရကြောင်း သိရသည်။

“အိမ်ပြန်ရတော့မယ်ဆိုတာကြောင့်ပျော်ရပေမယ့် ရွာမှာကဘယ်လိုအခြေအနေတွေရှိနေပြီလဲဆိုတာမသိရတော့ဘူး နှစ်လနီးပါးလောက်ရှိပြီ မြစ်ကြီးနားကိုရောက်နေတာ အစားအသောက်အတွက် အ လှူရှင်တွေရှိနေလို့တော်သေးတယ်”ဟုစစ်ဘေးရှောင်ရွာသားတစ်ဦးကပြောသည်။

စစ်ဘေးရှောင်များနေရပ်သို့ပြန်လည်ထွက်ခွာသွားခြင်းမှာ မေလတွင်လယ်ယာလုပ်ငန်းများပြန် လည်လုပ်ကိုင်မည်ဖြစ်၍ ပြန်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here