အိန္ဒိယအစိုးရ ထောက်ပံ့သည့် ဆန်နှင့်ဂျုံများအား ရွှေပြည်သာတွင် ပေးဝေ

0
150

အိန္ဒိယအစိုးရ ထောက်ပံ့သည့် ဆန်နှင့်ဂျုံများအား ရွှေပြည်သာတွင် ပေးဝေ

အိန္ဒိယအစိုးရက မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုအရ ပေးပို့သော ဆန်နှင့်ဂျုံများအား ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် ဧပြီ ၂၆ရက်က ပေးဝေခဲ့သည်ဟု မြို့ခံအချို့ထဲက သိရသည်။

“ဆန်ရတယ်။ထောက်ပံ့တာလို့ ပြောပြီး ပေးတယ်။အိန္ဒိယက လှူတာလို့လည်းပြောတယ်”ဟု မြို့ခံတစ်ဦးကပြောပြသည်။

ဆန်နှင့် ဂျုံပေးဝေမှုကို ရွှေပြည်သာမြို့နယ် အမှတ် ၂၆ရပ်ကွက်ရှိ ကျောင်းကုန်းအစာစပ်စက်ရုံ
၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေပေးကာ ထိုသို့ ဖြန့်ဝေပေးခြင်းအပေါ် ပြည်သူများထံ ဆက်လက် ဖြန့်ဝေပေးခဲ့သည်ဟုသိရသည်။

ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ ၂၇ ခုရှိပြီး လှူဒါန်းသည့် ဆန်အိတ်အရေအတွက်မှာ ၂၅၁၄အိတ်၊ ဂျုံအိတ်အရေအတွက်မှာ ၄၅၀အိတ်ဖြစ်သည်ဟု သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here