မြစ်ကြီးနားမြို့တွင် ထမင်းပေါင်းအိုး ဝါယာကြိုးအပူလွန်၍ မီးလောင်မှုဖြစ်နေအိမ် ၃ လုံးဆုံးရှုံး

0
50

မြစ်ကြီးနားမြို့တွင် ထမင်းပေါင်းအိုး ဝါယာကြိုးအပူလွန်၍ မီးလောင်မှုဖြစ်နေအိမ် ၃ လုံးဆုံးရှုံး

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊မန်ခိန်ရပ်ကွက်၌ ဧပြီ ၂၇ ရက်(ယနေ့)နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က မီးလောင်ကျွမ်း၍ နေအိမ် ၃ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မန်ခိန်ရပ်ကွက်၊နယ်မြေ ၁ ရှိ သွပ်မိုး၊ထရံကာ မြေစိုက်နေအိမ်တစ်လုံးတွင် ထမင်းပေါင်းအိုးတည် ထားရာမှ ဝါယာကြိုးအပူလွန်ရာမှနေအိမ်ထရံအားမီးကူးစက်ရာမှတဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာသို့ မြစ်ကြီးနားခရိုင်မီးသတ်တပ်ဖွဲ့စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်နေသူ များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်ဒဏ်ရာရသေဆုံးမှုများမရှိခဲ့ဘဲ သွပ်မိုး၊ထရံကာ မြေစိုက်နေအိမ် ၂ လုံးနှင့်သွပ်မိုး၊ထရံကာ ခြေတံရှည်နေအိမ် ၁ လုံးတို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများက စစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here