ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္က သိုလ်ဝင်ခွင့်ရသူများ မေ ၂၇ ရက်နောက်ဆုံးထားကျောင်းအပ်ရမည်

0
197

ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္က သိုလ်ဝင်ခွင့်ရသူများ မေ ၂၇ ရက်နောက်ဆုံးထားကျောင်းအပ်ရမည်

ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္က သိုလ်များသို့ဝင်ရောက်ခွင့်ရရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများသည် မေ ၂၇ ရက်နောက်ဆုံးထား၍ကျောင်းအပ်ရမည်ဟု နစက ၏ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်နှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်း တက်ရောက်ခွင့်ရရှိသူများအား ထုတ် ပြန်ကြေညာထားပြီးဖြစ်သည်။

အဆိုပါ သင်တန်းများအား မေ ၁၂ ရက်တွင်စတင်ဖွင့်လှစ်မည်သင်ကြားပေးသွားမည်ဖြစ်၍ သင် တန်းတက်ရောက်မည့်သူများအနေဖြင့် သက် ဆိုင်ရာတက္ကသိုလ်များ၌ မေ ၂၇ ရက်နောက်ဆုံးထား၍ ကျောင်းအပ်ရမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ကျောင်းအပ်သတ်မှတ်ရက်ထက်ကျော်လွန်၍ လာရောက်အပ်နှံသူများ၊ကျောင်းအပ်နှံခြင်းမရှိသူများသည် ဝင်ခွင့်စာရင်းမှပယ်ဖျက်ခြင်းခံရမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှထုတ်ပြန်ကြေ ညာခဲ့သည်။

” ကိုဗစ်ကာလထဲကကျောင်းတွေပိတ်ထားတော့ ကျောင်းကမတက်ရဘူး အခုတက်ရတော့မယ်ဆိုတော့ သေချာပြင်ဆင်မှုတွေပြန်လုပ်နေပါတယ် မျှော်လင့်ထားသလိုအဆင်ပြေပြေနဲ့ဘွဲ့ရတစ်ယောက်ဖြစ်ချင်ပါတယ် ဒီပညာနဲ့အကူအညီတွေပေးချင်ပါတယ်”ဟု ပထမနှစ်ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here