ရေဖြူမြို့နယ် မူးဒူးကျေးရွာတွင် လူနေထိုင်ခြင်းမရှိသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ် မီး လောင်မှုဖြစ်ပွား

0
191

ရေဖြူမြို့နယ် မူးဒူးကျေးရွာတွင် လူနေထိုင်ခြင်းမရှိသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ် မီး လောင်မှုဖြစ်ပွား

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊မူးဒူးကျေးရွာတွင် လူနေထိုင်ခြင်းမရှိသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးဆန်းဝင်းနေအိမ်၌ ဧပြီ ၂၇ ရက်ည ၁၁ နာရီခန့်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးဆန်းဝင်းနှင့်မိသားစုဝင်များသည် အဆိုပါနေအိမ်၌နေထိုင်ခြင်းမရှိသည်မှာ လအနည်းငယ်ကြာပြီဖြစ်ကြောင်း သိရသည်။

“ရွာကလူတွေသိသိချင်းဝိုင်းငြိမ်းကြလို့ ဘေးအိမ်တွေကိုမကူးတာ”ဟုဒေသခံတစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးဆန်းဝင်း၏နေအိမ်မှာ တစ်အိမ်လုံးနီးပါး မီး လောင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“သူတို့တစ်မိသားစုလုံးက ဒီအိမ်မှာမနေတာကြာပြီ ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်တော့ရှိသေးတယ် ဒါပေမယ့် မိသားစုလိုက်တခြားရွာမှာပဲရောက်နေသလိုလိုပြောသံကြားမိတယ် ညကမီးလောင်တဲ့သူ့အိမ်အကြောင်းကိုတော့ကြားပြီးလောက်ပြီနဲ့တူတယ်”ဟုဒေသခံတစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here