မြန်မာ-တာတာစတန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေဟု ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးပြော

0
254

မြန်မာ-တာတာစတန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေဟု ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးပြော

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက တာတာစတန်နိုင်ငံ၊သမ္မတ Mr. Rustam Nurgaliyevich Minnikhanov အားလက်ခံတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံရာတွင် တာတာစတန်နိုင်ငံသမ္မတမှ တာတာစတန်နိုင်ငံ၏ စီးပွားရေးနှင့်စက်မှုဆိုင်ရာ အားသာချက်များ၊နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် မြန်မာနိုင်ငံ၏ ဦးဆောင်မှုလုပ်ကိုင်မှုနှင့် စီးပွားရေးလုပ်ငန်းများအား စိတ်ဝင်စားသည်ဟုပြောကြားခဲ့သည်။

ထို့ပြင် တာတာစတန်နိုင်ငံ၏ ရေနံဓာတုလုပ်ငန်းများမှထုတ်ကုန်များနှင့်စက်ရုံတည်ဆောက်ရေးလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်မှုအား ချဲ့ ထွင်ရန်၊သင်္ဘောတည်ဆောက်ရေးနှင့်မော်တော် ကားလုပ်ငန်းများ၊အလိုအလျောက်ထုတ်လုပ်မှုစနစ်များ၊ကျန်းမာရေးစောင့်ရှောက်မှုများ၊ဆေးဘက်ဆိုင်ရာထုတ်ကုန်များနှင့်ဆေးဝါးထုတ်လုပ်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန်လည်းဆွေးနွေးပြောကြားခဲ့သည်။

အလားတူ တာတာစတန်သမ္မတသည် ဒစ်ဂျစ်တယ်စနစ်အသွင်ကူးပြောင်းရေးပူးပေါင်းဆောင် ရွက်မှု၌ ကောင်းမွန်သည့် တိုးတက်မှုများရှိသည်ဟု ပြောကြားခဲ့သည်။

“လောလောဆယ်ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာ ရုရှားက မြန်မာနိုင်ငံအတွက်ဦးစားပေးဖြစ်ပါတယ် တာတာစတန်နိုင်ငံဟာ ရုရှားမှာ အအောင်မြင်ဆုံးနိုင်ငံတစ်ခုဖြစ်တာကိုသိရတာကြောင့် ပူးပေါင်းဆောင်ရွက်တဲ့အတွက် ဝမ်းမြောက်ပါတယ် အတူတကွလုပ်ဆောင်နိုင်မယ့် အပိုင်းတွေများစွာကိုတွေ့မြင်ရပါတယ် နယ်ပယ်များစွာမှာပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးကပြောသည်။

ထို့ပြင် ရုရှား-မြန်မာနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များကြားကျင်းပမည့် အွန်လိုင်းကွန်ဖရင့်တွင် တာတာစတန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအားဖိတ်ကြားမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

“သမ္မတကြီးရဲ့ ခရီးစဉ်ဟာ စီးပွားရေးအမြင်သာမက နိုင်ငံရေးရှုထောင့်ကနေပါ ကျွန်ုပ်တို့အတွက် အရေးကြီးပါတယ် ဒါကြောင့် သမ္မတကြီးရဲ့ သီးခြားစီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး တိုင်းပြည်အကျိုးအတွက် ပရောဂျက်ပေါင်းများစွာရဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးကဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here