မြန်မာအလုပ်သမား ၁၂၈ ဦး တောင်ကိုရီးယားနိုင်ငံသို့ ယနေ့နံနက်ပိုင်းကထပ်မံရောက်ရှိ

0
163

မြန်မာအလုပ်သမား ၁၂၈ ဦး တောင်ကိုရီးယားနိုင်ငံသို့ ယနေ့နံနက်ပိုင်းကထပ်မံရောက်ရှိ

မြန်မာနိုင်ငံသားအလုပ်သမား ၁၂၈ ဦးသည် တောင်ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ဧပြီ ၂၈ ရက်(ယနေ့)နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။

Re-entry လုပ်သား ၄၅ ဦး၊ကုန်ထုတ်လုပ်သားအ ဖြစ်အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၇၂ ဦးနှင့်ဆောက်လုပ်ရေးလုပ်သားသစ် ၁၁ ဦး (စုစုပေါင်း ၁၂၈ ဦး)သည် ရန်ကုန်လေဆိပ်မှအင်ချွန်းလေဆိပ်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံး၊ဆိုးလ်မြို့ အလုပ်သမားသံအရာရှိမှ ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များအားမှာကြားကာ လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့သည်။

တောင်ကိုရီးယားနိုင်ငံအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်(၁၉)ရောဂါကူးစက်ရောဂါပြန့်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက်မှစ၍ ပြည်ဝင်ခွင့်ပိတ်ပင်ထားခဲ့ပြီးနောက် ယနေ့တွင် မြန်မာအလုပ်သမားများအားစတင်ဝင်ရောက်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here