ပြည်ကြီးတံခွန်မြို့နယ်တွင် ပုတ်ပွနေသည့်အမျိုး သားရုပ်အလောင်းတခုတွေ့ရှိခဲ့

0
291

ပြည်ကြီးတံခွန်မြို့နယ်တွင် ပုတ်ပွနေသည့်အမျိုး သားရုပ်အလောင်းတခုတွေ့ရှိခဲ့

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ငွေတော်ကျည်ကုန်းရပ်ကွက်၊မင်္ဂလာကန်လမ်းနှင့် ၆၈ လမ်းရှိ ချောင်းအတွင်း၌ပုပ်ပွနေသည့် အမျိုး သားတစ်ဦး၏ရုပ်အလောင်းအား ဧပြီ ၂၈ ရက် (ယနေ့)နေ့လည်ပိုင်းက တွေ့ရှိခဲ့ကြောင်း ရွှေမဥ္ဇူပရဟိတလူမှုကူညီ‌ရေးအသင်းမှ သိရသည်။

ပုတ်ပွနေသည့်အမျိုးသားရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းဝင်များကသွားရောက်၍ ရုပ်အ လောင်းအား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးရေခဲတိုက်သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ရာတွင်လည်း လုံခြုံရေးအဖွဲ့များထံအကြောင်းကြား၍ ဆေးစာယူကာ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ရွှေမဥဇူပရဟိတလူမှုကူညီရေးအသင်းမှသိရသည်။

သေဆုံးနေသည့် အမျိုးသားသည် အသက် ၄၀ နှင့် ၅၀ ကြားအရွယ်ရှိကာ ပုတ်ပွရိရွဲနေပြီး ဦးခေါင်း၌လည်းလောက်များတက်နေသဖြင့် မည် သူဖြစ်ကြောင်းသေချာစွာသိရှိရခြင်းမရှိကြောင်း သိရသည်။

သေဆုံးသူအမျိုးသား၏ ဘယ်ဘက်လက်မောင်းတွင် နဂါး(သို့)ဂဠုန်ကဲ့သို့ တက်တူးပုံပါရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here