ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များတိုးလျက်ရှိဟု မိုးဇလထုတ်ပြန်

0
182

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များတိုးလျက်ရှိဟု မိုးဇလထုတ်ပြန်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၂၈ ရက်(ယနေ့)မွန်းလွဲ ၂ နာရီထုန်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းအပါအဝင် နေပြည်တော်၊မန္တလေး တိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရှမ်းပြည်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် ဧပြီ လ၏ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်ပိုလျက်ရှိသည်ဟု မိုးဇလမှထုတ်ပြန်ခဲ့သည်။

ထို့ပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ချင်းပြည် နယ်တို့၌ ဧပြီလ၏ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်အထိ၊စစ်ကိုင်း တိုင်းအောက်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည် (မြောက်ပိုင်း)နှင့်မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂ ရီစင်တီဂရိတ်အထိပိုလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ တနင်္သာရီတိုင်းတွင်မူ ဧပြီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

မြင်းခြံမြို့၊ချောက်မြို့နှင့်ဂန့်ဂေါမြို့တို့တွင် ၄၄ ဒီ ဂရီစင်တီဂရိတ်စီနှင့်မင်းကင်းမြို့၊မုံရွာမြို့၊ကြေး မုံမြို့၊မြင်းမူမြို့၊ညောင်ဦးမြို့၊တံတားဦး(လေ ကြောင်းမိုးလေဝသ)၊မကွေးမြို့နှင့်ဘော်လခဲမြို့တို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်စီတို့အထိ နေ့အပူ ချိန်များမြင့်တက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here