ပုသိမ်မြို့၌ မီးလောင်မှုဖြစ်ပွားရာမှ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံးခဲ့

0
212

ပုသိမ်မြို့၌ မီးလောင်မှုဖြစ်ပွားရာမှ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံးခဲ့

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊အမှတ် ၆ ရပ်ကွက်၊ဘန့်ဘွေးကုန်းလမ်းတွင် ဧပြီ ၂၉ ရက်ည ၁ နာရီ ၂၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

ဘန့်ဘွေးကုန်းလမ်းရှိ ဦးသွေးခိုင်ထွန်းပိုင်ဆိုင်သည့် “ရွှေဒေါင်း”အထည်နှင့်စတိုးဆိုင်အတွင်း အထည်အလိပ်ရောင်းချရာနေရာ၌ ခြင်ဆေးခွေထွန်းထားရာမှ အထည်အလိပ်များသို့မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ် မှသိရသည်။

ဧရာဝတီတိုင်းမီးသတ်ဦးစီးမှုးရုံး၊ပုသိမ်ခရိုင်မီး သတ်စခန်း၊ပုသိမ်မြို့နယ်မီး သတ်စခန်း၊ပုသိမ်နယ်မြေမီးသတ်စခန်း၊ငဝန်ကျွန်းသာမီးသတ်စခန်း၊မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပုသိမ်မြို့နယ်) နှင့်ဘက်စုံလူမှုကူညီရေးအဖွဲ့တို့မှ မီး သတ်ကားများ၊ရေသယ်ကားများဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်ခဲ့ကြသဖြင့် ည ၂ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ထိခိုက်ဒဏ်ရာရတာမရှိပါဘူး မီး လောင်တဲ့အချိန်မှာ စလောင်တဲ့အိမ်အပါအဝင် အားလုံးပေါင်းအိမ် ၅ လုံးဆုံးရှုံးပါတယ်”ဟုမြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(ပုသိမ်မြို့နယ်)၏ အ တွင်းရေးမှူးကပြောသည်။

ဖြစ်စဥ်မှပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီး သတ်တပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here