ရန်ကုန်၊မန္တလေးအပါအဝင် တိုင်း၊ပြည်နယ်အချိုကတွင် မိုးရွာ၊နေရာအချို့တွင် သစ်ပင်များပါလဲပြိုခဲ့

0
134

ရန်ကုန်၊မန္တလေးအပါအဝင် တိုင်း၊ပြည်နယ်အချိုကတွင် မိုးရွာ၊နေရာအချို့တွင် သစ်ပင်များပါလဲပြိုခဲ့

ယနေ့ ဧပြီလ ၃၀ရက်နေ့ မနက် ၈နာရီအချိန်က စပြီး ရန်ကုန်၊မန္တလေး၊မကွေး စသည့်နေရာများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

မိုးကုတ်မြို့တွင်လည်း ရေကြီးရေလျှံမှုပင် ဖြစ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

မန္တလေးမြို့ခံတစ်ဦးက “လေတွေတိုက်ပြီး မိုးရွာတာပဲ။မိုးကြိုးတွေလည်း တော်တော်ပစ်တယ်”ဟု ပြောသည်။

ယနေ့ နေ့လည် ၂နာရီက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေး-ပြင်ဦးလွင်ကားလမ်း(အတက်လမ်း)တွင် သစ်ပင်လဲကျသွားသည်ဟုသိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ပန်းတော်တင်ရပ်တွင်လည်း ယနေ့မနက် ၈နာရီခန့်က မိုးရွာသွန်းပြီး လေတိုက်မှုကြောင့် သစ်ပင်များလဲကျခဲ့သည့်အပြင် ယနေ့ နေ့လည် ၂နာရီ ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်(၅)၊ ပြည်တော်သာ(၂)လမ်းတွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျသွားသည်ဟု သိရသည်။

ရန်ကုန်တွင်လည်း နေ့လည် ၃နာရီခွဲက မိုးသည်းထန်စွာရွာသွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here