၈၈ မျိုးဆက်အဖွဲ့ဝင် မခက်ခက်နှင့် မနုနုအောင်တို့ ဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်တောင်နေ၍ စိုးရိမ်လျှက်ရှိ

0
90

၈၈ မျိုးဆက်အဖွဲ့ဝင် မခက်ခက်နှင့် မနုနုအောင်တို့ ဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်တောင်နေ၍ စိုးရိမ်လျှက်ရှိ

ကရင်ပြည်နယ် ဘားအံ့မြို့တွင် ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့မှ မနုနုအောင်၊ မခက်ခက်တို့ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်လျှက်ရှိနေ၍ မိသားစုဝင်များက စိုးရိမ်လျှက်ရှိနေကြောင်းသိရသည်။

ဖမ်းဆီးခံလိုက်ရသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့မှ မနုနုအောင်၊ မခက်ခက်တို့သည် ကျန်းမာရေးအခြေအနေမကောင်း၍ ဆေးခန်းပြရန်သွားစဉ်ဖမ်းခံလိုက်ရသည်ဟုသိရသည်။

ဖမ်းဆီးခံရသည့်အထဲ မခက်ခက်၏ သားဖြစ်သူ ကိုမြတ်သူဆိုသူလည်းပါသည်ဟုသိရသည်။

ဖမ်းဆီးခံထားရသည့်နေရာကိုလည်း မသိရှိရ၍ ပို၍ စိတ်ပူနေကြကြောင်းလည်းသိရှိရသည်။

မနုနုအောင်သည် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ တောင်သူလယ်သမားရေးရာကိစ္စတွင် ပါဝင်ဆောင်ရွက်နေသူဖြစ်ကာ မခက်ခက်သည် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာကိစ္စရပ်များအားပါဝင်ဆောင်ရွက်နေသူဖြစ်သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here