လက်ကောက်ဝတ်အထက်ပြတ်တောက်သွားမှုကို ရန်ကုန်ဆေးရုံကြီးက အောင်မြင်စွာခွဲစိတ် ဆောင်ရွက်နိုင်ခဲ့

0
161

လက်ကောက်ဝတ်အထက်ပြတ်တောက်သွားမှုကို ရန်ကုန်ဆေးရုံကြီးက အောင်မြင်စွာခွဲစိတ် ဆောင်ရွက်နိုင်ခဲ့

၂၀၂၂ခုနှစ်ဧပြီ၁၄ရက်နေ့ကလက်ကောက်ဝတ်အထက်ပြတ်တောက်သွားမှုကို ခွဲစိတ်ပြီး ပြန်လည်ချိတ်ဆက်ပေးနိုင်ခဲ့သည့် အောင်မြင်သောခွဲစိတ်မှုတစ်ရပ်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း ပြုလုပ်နိုင်ခဲ့သည်ဟုသိရသည်။

ရန်ကုန်ဆေးရုံကြီးမှ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပါရဂူဘွဲ့ သင်တန်းသား ဒေါက်တာဖြိုးမောင်မောင် ဦးဆောင်သည့် အရိုးဆရာ၀န် ဒေါက်တာမောင်မောင်လွင်၊ဆေးပညာဘွဲ့လွန်(အရိုး)သင်တန်းသား ဒေါက်တာမင်းသူ၊ဒေါက်တာဟိန်းပြည့်အောင်၊မေ့ဆေးအထူးဆရာဝန်ဒေါက်တာထွန်းထွန်းနိုင်၊အထက်တန်းသူနာပြုဒေါ်မေသူရတို့အဖွဲ့က ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

လူနာမှာ ရန်ကုန်ကြည်မြင်တိုင်မှ ငါးဖမ်းရေလုပ်သားတစ်ဦးဖြစ်ပြီး ၄င်းသည် ဓါးခုတ်ခံရပြီး လက်ကောက်ဝတ်အထက်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ခွဲစိတ်မှုကြာမြင့်ချိန်မှာ ဧပြီ ၁၄ရက်နေ့ ည၇နာရီ၅၀မိနစ်မှ ဧပြီ၁၅ရက်နေ့ နံနက်၁နာရီခွဲအထိဖြစ်သည်ဟုသိရှိရသည်။

လူနာ၏လက်မှာခွဲစိတ်ပြီးချိန်မှစပြီး သွေးကြောများတဖြည်းဖြည်းပြန်လည်လည့်ပါတ်စီးဆင်းပြီး ဧပြီ၂၅ရက်မှစတင်ကာ အကြောအဆစ်ရောဂါကုပညာဌာန ပြင်ပလူနာဌာနတွင် လေ့ကျင့်ခန်းများလုပ်ဆောင်နိုင်ခဲ့ပြီး ဧပြီ၂၉ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဟုလည်းသိရသည်။

အကယ်၍ လက်ပြတ်တောက်မှုဖြစ်ပေါ်ပါက ပြတ်တောက်သွားသည့်လက်အား Normal Saline (သို့)ရေကျက်ဆေးဖြင့်အရင်ဆေးကြောပါ။သန့်ရှင်းသည့် ပလပ်စတစ်အိတ်ဖြင့်ထုတ်ပိုးပါ။ရေခဲပုံးထဲထည့်ပြီး ဆေးရုံသို့ လူနာနှင့်အတူသယ်ဆောင်လာပါ။လက်ပြတ်သည့်အချိန်မှ ၄နာရီနှင့်၆နာရီအတွင်း လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုဆရာဝန်ကြီးများရှိရာသို့ ရောက်ရှိပါကအကောင်းဆုံးဖြစ်သည်ဟုသိရသည်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal

 


LEAVE A REPLY

Please enter your comment!
Please enter your name here